နောက်သို့ ပုံနှိပ်သည်။

အဆီဓါတ်နဲ့ပရိုတင်းဓါတ်ကို ဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်း၊ cellulose နှင့် အညစ်အကြေးကို ထိရောက်စွာ သန့်စင်ပေးနိုင်သော composite super detergent တို့ပါဝင်ပါသည်။

Attributes of the product:

  • လေထု၊ရေထု ထဲမှာရှိတဲ့ ဇီဝပိုးတွေက အလွယ်တကူ ဖြိုခွင်းပေးနိုင်တဲ့ အင်ဇိုင်း ဖော်မြူလာကို အသုံးပြုထားပါတယ်။ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း မရှိစေပါ။ အဝတ်အစားတွေပေါ်က ချွတ်ရခက်တဲ့ အစွန်းအထင်း၊အညစ်အကြေး တွေကို ထိရောက်စွာ ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
  • တန်ဖိုးကြီး အဝတ်အစားများ၊ အတွင်းခံ အဝတ်အစားများ၊ ကလေးအဝတ်များနှင့် လျှော်ဖွတ်လို့ရတဲ့ အဝတ်အစား အားလုံးနဲ့သင့်တော်ပါတယ်။ လျှော်ဖွတ်ပြီးတဲ့ အခါမှာ တွန့်ကြေတာ၊ မာတောင့်သွားတာမျိုး မရှိဘဲ ပျော့ပျောင်းနေစေပါတယ်။
  • ဓာတုဗေဒပစ္စည်းတွေ အဝတ်အစားမှာ ကပ်ကျန်တာမျိုး မရှိစေဘဲ လက်တွေ၊ အရေပြားတွေမှာ ဓါတ်မတည့်တာမျိုးဖြစ်မှာကို ပူစရာမလိုပါဘူး။ လျှော်ဖွတ်ပြီးတဲ့ အဝတ်အစားတွေပေါ်မှာလည်း လန်းဆန်းတဲ့ သဘာဝမွေးရနံ့ကို စွဲကျန်ရစ်စေ ပါတယ်။
  • သာမန်အဝတ်လျှော်ဆပ်ပြာရည်သုံးရတဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံသာ သုံးစရာလိုပြီး အမြှုပ်ထမှုနည်းသောကြောင့် ရေဆေးရ လွယ်ကူစေပါတယ်။ အညစ်အကြေး တွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပြီး ရေ၊အချိန် နဲ့ စိုက်ထုတ်ရတဲ့အားကို သက်သာစေပါတယ်။
  • လူ့ခန္ဓာကိုယ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ မီးစုန်းဓါတ်၊ fluorescent နှင့် ဓါတုပစ္စည်းဖြင့် ပြုလုပ်ထားတဲ့ အစွန်းချွတ်ဆေးတွေ မပါဝင်ပါ။
  • Cellulose ပါဝင်သောကြောင့် အဝတ်လျှော်၍ ထွက်လာသော အညစ်အကြေးတွေ ကိုချက်ချင်း စုစည်းစေနိုင်သောကြောင့် အညစ်အကြေးတွေက အဝတ်ကို ပြန်လည် ညစ်ပေစေတာမျိုး မဖြစ်စေနိုင်ပါဘူး။
  • ဆပ်ပြာရည်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အဝတ်အထည်က အညစ်အကြေးတွေ ကို ဖြိုခွဲပေးလိုက်တာကြောင့် ရေနဲ့အလွယ်တကူ ဆေးကြောလို့ရပြီး အဝတ်ပျော့ ဆေး ကိုသုံးစရာမလိုပါ။ အဝတ်အထည်ကို ပျော့ပျောင်းစေပြီး သဘာဝအတိုင်း သစ်လွင်တောက်ပစေနိုင်ပါတယ်။

    အ၀တ်များကို လက်ဖြင့်လျော်သည်ဖြစ်စေ၊ အ၀တ်လျော်စက်ဖြင့် လျော်သည်ဖြစ်စေ GoEco Liquid Detergent ဖြင့် မိနစ် ၃၀ခန့်စိမ်ပြီးမှ လျော်လျှင် ပိုကောင်းသည်။

    1. လက်လျော် - ရေ ၅လီတာကို ဘူဖုံး1/4
    2. အ၀တ်လျော်စက် (8-9 ကီလိုဂရမ်) - အ၀တ်အပြည့်ဆိုလျှင် ½
    3. လျော်ရခက်သော အစွန်းအထင်းများအပေါ်တွင် ဆပ်ပြာရည်ထည့်၍ ပွတ်ပါ။ ၅မိနစ်ကြာအောင် ထားပြီး ပုံမှန်အတိုင်း လျော်ပါ။
  1. GoEco အိမ်သုံး သန့်စင်ပစ္စည်းသည် Bio-enzyme ဖော်မြူလာကို အသုံးပြုထား သောကြောင့် အင်ဇိုင်း၏ သက်ဝင်ထကြွမှုကို မပျက်ဆီးစေရန် ရေပူဖြင့်ဆေးကြော ခြင်းမပြုရ။
  2. အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်နှင့် တိုက်ရိုက်ထိတွေ့စေခြင်း နှင့် ကလေးများ အလွယ်တကူ ယူနိုင်သော နေရာများတွင် မထားရ။