အဓိကပါဝင်ပစ္စည်းများ

အဆီဓါတ်နဲ့ပရိုတင်းဓါတ်ကို ဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်း၊ cellulose နှင့် အညစ်အကြေးကို ထိရောက်စွာ သန့်စင်ပေးနိုင်သော composite super detergent တို့ပါဝင်ပါသည်။

Attributes of the product:

  • လေထု၊ရေထု ထဲမှာရှိတဲ့ ဇီဝပိုးတွေက အလွယ်တကူ ဖြိုခွင်းပေးနိုင်တဲ့ အင်ဇိုင်း ဖော်မြူလာကို အသုံးပြုထားပါတယ်။ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း မရှိစေပါ။ အဝတ်အစားတွေပေါ်က ချွတ်ရခက်တဲ့ အစွန်းအထင်း၊အညစ်အကြေး တွေကို ထိရောက်စွာ ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
  • တန်ဖိုးကြီး အဝတ်အစားများ၊ အတွင်းခံ အဝတ်အစားများ၊ ကလေးအဝတ်များနှင့် လျှော်ဖွတ်လို့ရတဲ့ အဝတ်အစား အားလုံးနဲ့သင့်တော်ပါတယ်။ လျှော်ဖွတ်ပြီးတဲ့ အခါမှာ တွန့်ကြေတာ၊ မာတောင့်သွားတာမျိုး မရှိဘဲ ပျော့ပျောင်းနေစေပါတယ်။
  • ဓာတုဗေဒပစ္စည်းတွေ အဝတ်အစားမှာ ကပ်ကျန်တာမျိုး မရှိစေဘဲ လက်တွေ၊ အရေပြားတွေမှာ ဓါတ်မတည့်တာမျိုးဖြစ်မှာကို ပူစရာမလိုပါဘူး။ လျှော်ဖွတ်ပြီးတဲ့ အဝတ်အစားတွေပေါ်မှာလည်း လန်းဆန်းတဲ့ သဘာဝမွေးရနံ့ကို စွဲကျန်ရစ်စေ ပါတယ်။
  • သာမန်အဝတ်လျှော်ဆပ်ပြာရည်သုံးရတဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံသာ သုံးစရာလိုပြီး အမြှုပ်ထမှုနည်းသောကြောင့် ရေဆေးရ လွယ်ကူစေပါတယ်။ အညစ်အကြေး တွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပြီး ရေ၊အချိန် နဲ့ စိုက်ထုတ်ရတဲ့အားကို သက်သာစေပါတယ်။
  • လူ့ခန္ဓာကိုယ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ မီးစုန်းဓါတ်၊ fluorescent နှင့် ဓါတုပစ္စည်းဖြင့် ပြုလုပ်ထားတဲ့ အစွန်းချွတ်ဆေးတွေ မပါဝင်ပါ။
  • Cellulose ပါဝင်သောကြောင့် အဝတ်လျှော်၍ ထွက်လာသော အညစ်အကြေးတွေ ကိုချက်ချင်း စုစည်းစေနိုင်သောကြောင့် အညစ်အကြေးတွေက အဝတ်ကို ပြန်လည် ညစ်ပေစေတာမျိုး မဖြစ်စေနိုင်ပါဘူး။
  • ဆပ်ပြာရည်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အဝတ်အထည်က အညစ်အကြေးတွေ ကို ဖြိုခွဲပေးလိုက်တာကြောင့် ရေနဲ့အလွယ်တကူ ဆေးကြောလို့ရပြီး အဝတ်ပျော့ ဆေး ကိုသုံးစရာမလိုပါ။ အဝတ်အထည်ကို ပျော့ပျောင်းစေပြီး သဘာဝအတိုင်း သစ်လွင်တောက်ပစေနိုင်ပါတယ်။

အသုံးပြုပုံ

    အ၀တ်များကို လက်ဖြင့်လျော်သည်ဖြစ်စေ၊ အ၀တ်လျော်စက်ဖြင့် လျော်သည်ဖြစ်စေ GoEco Liquid Detergent ဖြင့် မိနစ် ၃၀ခန့်စိမ်ပြီးမှ လျော်လျှင် ပိုကောင်းသည်။

    1. လက်လျော် - ရေ ၅လီတာကို ဘူဖုံး1/4
    2. အ၀တ်လျော်စက် (8-9 ကီလိုဂရမ်) - အ၀တ်အပြည့်ဆိုလျှင် ½
    3. လျော်ရခက်သော အစွန်းအထင်းများအပေါ်တွင် ဆပ်ပြာရည်ထည့်၍ ပွတ်ပါ။ ၅မိနစ်ကြာအောင် ထားပြီး ပုံမှန်အတိုင်း လျော်ပါ။

သတိပြုရန်

  1. GoEco အိမ်သုံး သန့်စင်ပစ္စည်းသည် Bio-enzyme ဖော်မြူလာကို အသုံးပြုထား သောကြောင့် အင်ဇိုင်း၏ သက်ဝင်ထကြွမှုကို မပျက်ဆီးစေရန် ရေပူဖြင့်ဆေးကြော ခြင်းမပြုရ။
  2. အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်နှင့် တိုက်ရိုက်ထိတွေ့စေခြင်း နှင့် ကလေးများ အလွယ်တကူ ယူနိုင်သော နေရာများတွင် မထားရ။