စီးပွားရေးအခွင့်အလမ်း

စီးပွားရေးအားသာချက်

စွမ်းဟော့လုပ်ငန်းက ပြိုင်ဘက်ကင်းတဲ့ လုပ်ငန်းအားသာချက်တွေ ပိုင်ဆိုင်ထားပါတယ်။

  1. ၁။ အရင်းအနှီးမလိုအပ်ခြင်း
  2. ၂။ ပစ္စည်းများ စုပုံဝယ်ယူထားရန် မလိုအပ်ခြင်း
  3. ၃။ မိမိကိုယ်ကိုကူညီနိုင်ပြီး အများကိုလည်းကူညီနိုင်ခြင်း
  4. ၄။ အခွင့်အလမ်း မျှတတူညီခြင်း
  5. ၅။ အကန့်အသတ်မဲ့ တိုးတက်ကြွယ်ဝနိုင်ခြင်း

စွမ်းဟော့လုပ်ငန်းရဲ့ အားသာချက်တွေမှာ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေအပြင် များပြားတဲ့ အပိုဆုကြေးစနစ်၊ ကျွမ်းကျင်သော စီမံခန့်ခွဲမှု အတတ်ပညာ၊ စီးပွားရေးချဲ့ထွင်ရာမှာ လိုအပ်သော ထိရောက်သော အထောက်အကူပြုပစ္စည်း၊ ကြီးမားသော နိုင်ငံတကာဈေးကွက် နှင့် ကျွမ်းကျင်သော အလုပ်အမှုဆောင်အဖွဲ့ စသည်တို့က သင့်ကိုစွမ်းဟော့လုပ်ငန်းမှာ အောင်မြင် အောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ သင်သာ သင့်ကိုယ်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်ဆိုရင် စွမ်းဟော့လုပ်ငန်းမှာ သင့်ဘ၀ကို ပြောင်းလဲဖို့အတွက် ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပါ။ သင့်ရဲ့ ဘ၀ခရီးလမ်းဟာ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ လွတ်လပ်ခြင်းတွေနဲ့ပြည့်စုံ နေမှာဖြစ်ပြီး သင့်ရဲ့ အနာဂတ်လမ်းခရီးဟာလည်း ဖြောင့်ဖြူးနေမှာ အသေအချာပါပဲ။

အပိုဆုကြေး ပေးသည့်စနစ်

အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဟာ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်တွေ ရှိရမဲ့ အပြင် ကျိုးကြောင်းဆီလျော်ပြီး မျှတသော အပိုဆုကြေး ပေးသည့်စနစ်ဟာလည်း အလွန်အရေးကြီး ပါတယ်။ ဖြန့်ဖြူးသူတို့ရဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် တွန်းအားပေးတဲ့စနစ် တစ်ခုဆိုလည်း မမှားပါဘူး။ စွမ်းဟော့လုပ်ငန်းရဲ့ ရက်ရောတဲ့ အပိုဆုကြေးပေးတဲ့စနစ်ဟာ ကျိုးကြောင်းဆီလျော် တဲ့မျှတမှုကို အဓိကထားတာကြောင့် စွမ်းဟော့လုပ်ငန်းလုပ်တဲ့ ဖြန့်ချိသူတိုင်းဟာ တူညီမျှတတဲ့ အကျိုးခံစားခွင့်တွေကို ခံစားရမှာဖြစ်ပါတယ်။

ထပ်ဆောင်းအကျိုးအမြတ်

မျှတညီညွတ်သော အပိုဆုကြေးပေးသည့်စနစ် အပြင် စွမ်းဟော့ကုမ္ပဏီမှ ဖြန့်ချိသူတို့အတွက် ဆွဲဆောင်မှုကောင်းတဲ့ ထပ်ဆောင်းအကျိုးအမြတ်(၃)မျိုးကိုလည်း ပေးရန် ကမ်းလှမ်းထားပါတယ်။ အတိအကျဖော်ပြရလျှင် နိုင်ငံရပ်ခြား နှီးနှောဖလှယ်ပွဲများ၊ စိန်အဆင့်ကားဆု နှင့် စိန်အဆင့် နှစ်ချူပ်အပိုဆုကြေး တို့ဖြစ်ပါတယ်။ ဖြန့်ချိသူတို့ စွမ်းဟော့ လုပ်ငန်းမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ် ဆောင်ရွက်ခြင်းအတွက် လက်တွေ့ကျသော ဂုဏ်ပြုချီးမြှင့်မှု လည်းဖြစ်ပါတယ်။

နိုင်ငံရပ်ခြားနှီးနှောဖလှယ်ပွဲ - စွမ်းဟော့ကုမ္ပဏီမှ နှစ်စဉ်နှစ်တိုင်း သတ်မှတ်စံနှုန်း ပြည့်မှီသော ဖြန့်ချိသူတို့ကို နိုင်ငံရပ်ခြားနှီးနှောဖလှယ်ပွဲများ တက်ရောက်ရန် စီစဉ်ပေးသည်။ ကမ္ဘာပတ်ခရီး သွားချင်သည့် အိပ်မက်ကို အကောင်အထည်ဖော်ပေးရန်လည်း ဖြစ်ပါတယ်။ နှစ်တွေကြာလာ တာနဲ့အမျှ စွမ်းဟော့အဖွဲ့သားများ ရောက်ခဲ့တဲ့နေရာတွေကလည်း ရေတွက်လို့တောင် မရနိုင် တော့ပါဘူး။ အဲဒီအထဲမှာ ပါဝင်တဲ့ အချို့နေရာတွေကတော့ တရုတ်၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ တောင်အာဖရိက၊ ကိုရီးယား စသည်တို့ ဖြစ်ပါတယ်။

စိန်အဆင့်ကားဆု - စိန်အဆင့်ဖြန့်ချိသူ တစ်ဦးအဖြစ် အရည်အချင်းပြည့်မှီလာသောအခါ စိန်အဆင့်ကားဆုရရန် အကျုံးဝင်သွားသည်။

စိန်အဆင့် နှစ်ချုပ်အပိုဆုကြေး - စိန်အဆင့်ဖြန့်ချိသူတို့၏ စွမ်းဟော့လုပ်ငန်းအပေါ် ထားရှိသည့် စေတနာနှင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့မှု တို့အတွက် စွမ်းဟော့ကုမ္ပဏီမှ တုန့်ပြန်သည့် အနေဖြင့် နှစ်အချုပ်အပိုဆုကြေး ပေးရန်စီစဉ်ထားသည်။