ရည်ရွယ်ချက် နှင့် မျော်မှန်းချက်
လုပ်ငန်းတန်ဖိုး
စွမ်းဟော့အုပ်စုသည် ယုံကြည်ချက်ငါးခုနှင့်စိတ်နေသဘောထားတို့ကို ပေါင်းစပ်ကာ “မိသားစု” ဆိုသည့် ယဉ်ကျေးမှုကို အဓိကလက်ဆုပ်လက်ကိုင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဒါ့အပြင် စွမ်းဟော့လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အဓိကအခြေခံအုတ်မြစ်လည်းဖြစ်သည်။ စွမ်းဟော့ပတ်ဝန်းကျင်ရှိ စွမ်းဟော့လူများကို အချင်းချင်းရိုင်းပင်းကူညီတတ်စေရန်နှင့် “ကျန်းမာ ခြင်းကိုပေးခြင်း” ၊ “ယုံကြည်မှုကိုပေးခြင်း” ၊ “မျှော်လင့်ချက်ကိုပေးခြင်း” ၊ “အောင်မြင်မှုကို ပေးခြင်း” ၊ “ပျော်ရွင်မှုကိုပေးခြင်း” စသည့် ယုံကြည်ချက်ငါးခု၏ တန်ဖိုးကို သိရှိနားလည်စေရန် အတွက် ဖြစ်သည်။ ဤအချက်များသည် စွမ်းဟော့လုပ်ငန်း၏ လေးနက်သော တန်ဖိုးများဖြစ်ပြီး အခြားလုပ်ငန်းများနှင့် မတူညီသောအချက်လည်း ဖြစ်သည်။
ယုံကြည်ချက်ငါးခု
စွမ်းဟော့၏ယုံကြည်ချက်ငါးခုသည် လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေသော အဓိကအခြေခံ အုတ်မြစ်ဖြစ်သလို စွမ်းဟော့လုပ်ငန်း၏ လေးနက်သောတန်ဖိုးများကို ပြသနိုင်သော အရာလည်း ဖြစ်သည်။ စွမ်းဟော့လုပ်ငန်း၏ အများနှင့်မတူ တမူထူးခြားသော ယဉ်ကျေးမှုကို ပြသနိုင်သလို ဤယုံကြည်ချက်ငါးခုကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်လျှင် အမှန်တကယ် ပြည့်စုံသော ဘ၀ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ကျန်းမာခြင်းကိုပေးခြင်း
စွမ်းဟော့မှ ကျန်းမာရေးအတွက် ထုတ်လုပ်သော အရည်အသွေးမြင့်ဓါတ်စာများသည် စွမ်းဟော့ မှလူများကို ကျန်းမာခြင်းကို ဆောင်ကျဉ်းပေးနိုင်သလို အခြားလူများကိုလည်း ကျန်းမာခြင်းကို ရရှိစေနိုင်သည်။ ထို့ကြောင့် စွမ်းဟော့မှလူ ဖြစ်လျှင် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဟန်ချက်ညီ သောဘ၀ကို ပိုင်ဆိုင်နိုင်သလို စိတ်ရောကိုယ်ပါကျန်မာခြင်းလည်း ရရှိနိုင်သည်။
ယုံကြည်မှုကိုပေးခြင်း
စွမ်းဟော့လုပ်ငန်းသည် ဘ၀၏တိုးတက်ခြင်းကို ပေးဆောင်နိုင်သည့်အတွက် စွမ်းဟော့မှလူများ သည် မိမိကိုယ်ကို ယုံကြည်မှုရှိရှိနှင့် ကြိုးစားနိုင်သည်။ ဒါ့အပြင် ဤနေရာတွင် အောင်မြင်မှု အခွင့်အလမ်းအတွက် လေ့လာသင်ယူစရာ အများအပြားရှိသည်။ ထို့ကြောင့် စွမ်းဟော့မှလူများ သည် အဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့် မိမိ၏ ယုံကြည်ချက်များကို ခိုင်မာစေနိုင်သည်။ ယုံကြည်ချက်ရှိလျှင် အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပြီး မရေမတွက်နိုင်သော မျှော်လင့်ချက် များကိုလည်း ရရှိစေနိုင်သည်။
မျှော်လင့်ချက်ကိုပေးခြင်း
စွမ်းဟော့လုပ်ငန်းသည် ရေရှည်လုပ်၍ရသော လုပ်ငန်းဖြစ်သလို နှစ်ရာနဲ့ချီသည့် အခြေခံအုတ်မြစ် ရှိပြီး တသက်လုံး လုပ်၍ရသော လုပ်ငန်းလည်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စွမ်းဟော့ လုပ်ငန်းသည် ဥာဏ်ပညာနှင့် ရဲစွမ်းသတ္တိတို့ဖြင့် မှန်ကန်စွာ တည်ဆောက်ထားသော လုပ်ငန်း ဖြစ်သည့်အတွက် ဤနေရာတွင် အားလုံးသည် မိမိ၏ မနက်ဖြန်ကို မြင်နိုင်သလို အနာဂတ် ကိုလည်း ကြိုတင်သိရှိနိုင်သည်။ ထို့ကြောင့် လူတိုင်း မျှော်လင့်ချက်ရှိသင့်သလို အောင်မြင်မှု ဆီကိုလည်း တဖြည်းဖြည်း ရောက်အောင်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စွမ်းဟော့သည် အောင်မြင်မှုများနှင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်ကြီး တစ်ခုဖြစ်သည်။
အောင်မြင်မှုကိုပေးခြင်း
စွမ်းဟော့၏ ပတ်ဝန်းကျင်တွင် မှန်ကန်လေးနက်မှု၊ တက်ကြွမှုတို့နှင့် ပြည့်နှက်နေသဖြင့် စွမ်းဟော့ မှလူများသည် မိမိကိုယ်ကို တိုးတက်အောင် အလွယ်တကူ လုပ်ဆောင်နိုင်ပြီး အောင်မြင်မှုဆီသို့ အရောက်လှမ်းနိုင်သည်။ ထို့ကြောင့် စွမ်းဟော့လုပ်ငန်းတွင် ရည်မှန်းချက်ရှိပြီး ဇွဲရှိရှိနှင့် ကြိုးစား လျှင် လုပ်ငန်းတွင်သာမက လူမှုနယ်ပယ်အတွင်းတွင်လည်း အောင်မြင်မှုကို ရရှိစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်မှု၏ အကောင်းဆုံးစံပြသည် စွမ်းဟော့လုပ်ငန်းပင် ဖြစ်သည်။
ပျော်ရွှင်ခြင်းကိုပေးခြင်း
စွမ်းဟော့မှလူများသည် ဘ၀တွင်သာမက လုပ်ငန်းကိုစီမံခန့်ခွဲရာတွင် စိတ်ရင်းအမှန်နှင့်သာ ခြေလှမ်းကို အစပြုခဲ့ပြီး အကောင်းမြင်ဝါဒဖြင့်သာ ဘ၀ကိုဖြတ်သန်းကြသည်။ ထို့ကြောင့် မိမိကိုယ်တိုင် စစ်မှန်သော ပျော်ရွှင်ခြင်းကို ခံစားခွင့်ရသလို အခြားလူများကိုလည်း ပျော်ရွှင်ခြင်း တွေ ပေးဆောင်နိုင်သည်။