အကြီးဆုံး ပရော်ဖယ်ရှင်နယ် လင်ဇီးထုတ်လုပ်သည့် စက်ရုံ- ယုံကင်းစက်ရုံ
နေရပ်လိပ်စာ | No 3-8, Shi-Chou Liao, Ching Shui Li, Yen-Shui District, Tainan, Taiwan, 737, R.O.C |
ဖုန်းနံပါတ် | +8866 652 5128 |
ဖက်(စ်) | +8866 652 8318 |
အီးမေးလ် | ykn.y90@msa.hinet.net |
စက်ရုံအကြောင်း
ယုံကင်းစက်ရုံ၏ နာမည်အပြည့်အစုံမှာ "Yung Kien Industrial Corp. Ltd." ဖြစ်သည်။ ထိုင်နမ် ခရိုင် ရင်ရွှေမြို့တွင်တည်ရှိသည်။ 1993 ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး ဧရိယာ အကျယ် အ၀န်းမှာ 19,835 စတုရန်းမီတာ (ဘတ်စ်ကက်ဘောကွင်း ၅၀ ကွင်းစာ) ရှိသည်။ စွမ်းဟော့ အုပ်စု၏ ရည်မှန်းချက်မှာ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအားကို ထိရောက်စွာ ကြီးကြပ်နိုင်ရန် ဖြစ်သည်။ ထို့ကြောင့် စံချိန်စံညွန်းနှင့်ကိုက်ညီသော အကောင်းဆုံးလင်ဇီးကို ထုတ်လုပ် နိုင်ရန်အတွက် ထုတ်လုပ်မှုအဆင့်တိုင်းတွင် ချိုးဖောက်ရန် ဟာကွက်မရှိအောင် ထိပ်ဆုံးက ဇီဝနည်းပညာ သုတေသနဖွံ့ဖြိုးရေးဌာနမှ လင်ဇီးမျိုးစိတ်ကို ရွေးချယ်ခြင်း၊ ကုန်ကြမ်းများ စိုက်ပျိုးခြင်း၊ ကုန်ထုတ်လုပ်ခြင်း၊ စစ်ဆေးခြင်း နှင့် ဖြန့်ချိခြင်း စသည့် လုပ်ငန်းစဉ်များကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။
ယုံကင်းစက်ရုံသည် ထိုင်ဝမ်တွင် အကြီးမားဆုံးနှင့် နည်းပညာအမြင့်ဆုံး စီးပွားဖြစ် လင်ဇီး ထုတ်လုပ်သည့်နေရာဖြစ်ပြီး ထိပ်တန်းနည်းပညာဖြစ်သည့် ထပ်ဆင့်သန့်စင်ခြင်းနည်းပညာ (Dual-Phase) ကိုအသုံးပြုထားသည်။ လူ၏ပေါ့ဆမှုနှင့် သေးငယ်သော ဇီဝသက်ရှိတို့၏ ညစ်ညမ်းမှုမှ ရှောင်ကြဉ်နိုင်ရန်နှင့် စစ်မှန်သော အရည်အသွေးမြင့်ထုတ်ကုန်ကို ရရှိစေရန်အတွက် အချိန်၊ အပူချိန်နှင့် ထုတ်လုပ်မှုဖြစ်စဉ်အားလုံးကို Microcomputer ဖြင့်ထိန်းချုပ် ထားသည်။ အဆင့်မြင့်ဆုံး အရည်အသွေး ထိန်းချုပ်မှုစနစ်ဖြင့် ထုတ်လုပ်ထားသော လင်ဇီးထုတ်ကုန်များကို ကြီးမားသော နိုင်ငံတကာဈေးကွက်သို့ ဖြန့်ဖြူးရောင်းချသည်။
စက်ရုံအကြောင်းမိတ်ဆက်
အဓိကစက်ရုံ (ထုတ်လုပ်မှုစက်ရုံ၊ ဇီဝနည်းပညာ သုတေသနဖွံ့ဖြိုးရေးဌာန၊ လင်ဇီးသိပ္ပံခန်းမ၊ အုပ်ချုပ်ရေးဌာန၊ ၀န်ထမ်းစားသောက်ဆိုင်) ၊ စက်ရုံခွဲ ( လင်ဇီးပြုစုပျိုးထောင်ခန်း၊ အခန်းတွင်း စမ်းသပ်စိုက်ပျိုးခန်း၊ ဂိုဒေါင်) ၊ Multimedia show ပြတိုက် ၊ ၀န်ထမ်းအဆောင်၊ ဘတ်စ်ကက်ဘောကွင်း ။
ဖုန်မှုန့်များ မ၀င်နိုင်အောင် ကာကွယ်ထားသည့် အဆင့်မြင့်နည်းစနစ်နှင့် ဆောက်လုပ်ထားသော စက်ရုံသည် ကွန်ပျူတာစနစ်ဖြင့် အလိုအလျှောက် ထိန်းချူပ်ထားသည့်အပြင် ထိုင်ဝမ်စားနပ်ရိက္ခာ အဖွဲ့ GMP ( Good Manufacturing Practice) မှသတ်မှတ်သော စံချိန်စံညွန်းမီသည့် စက်ရုံဒီဇိုင်း ပုံစံဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ စက်ရုံဧရိယာအတွင်း ရေအရင်းအမြစ်နှင့် ရေဆိုးရေညစ် များကို ရှင်းလင်းသည့်စက်ရုံများ အပါအ၀င် အခြားသော ပြီးပြည့်စုံသော အဆောက်အဦးများကို လည်း ဆောက်လုပ်ထားသည်။
လင်ဇီးသိပ္ပံပြတိုက်
စက်ရုံဧရိယာအတွင်းတွင် “လင်ဇီးသိပ္ပံပြတိုက်”ကို အထူးဆောက်လုပ်ထားပါသေးသည်။ ပြတိုက် အတွင်းတွင် ရှားပါးပြီး အဖိုးတန်သော လင်ဇီးနှင့်ပတ်သက်သော စာရွက်စာတမ်းများ၊ လင်ဇီး မျိုးစိတ်နမူနာများ နှင့် လင်ဇီးနှင့်ဆက်စပ်သော ထုတ်ကုန်များကို ပြသထားသည်။ လင်ဇီးများကို သုတေသနပြုရန်နှင့် လေ့လာသင်ယူနိုင်ရန်အတွက် ဆောက်လုပ်ထားသော လင်ဇီးသိပ္ပံပြတိုက် သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး လင်ဇီးအတွက် သီးသန့်ဆောက်လုပ်သော ပြတိုက်ဖြစ်သည်။
လင်ဇီးသိပ္ပံပြတိုက်သည် “လင်ဇီးပြုစုပျိုးထောင်ခန်း”နှင့် “အခန်းတွင်း စမ်းသပ်စိုက်ပျိုးခန်း” တို့နှင့် ဆက်သွယ်ထားသည့်အတွက် လာရောက်လေ့လာသူများသည် လင်ဇီး၏ ကြီးထွား ဖွံ့ဖြိုးမှုကို အမှန်တကယ် မြင်တွေ့နိုင်သည်။ ဒါ့အပြင် “လင်ဇီး၏သမိုင်းအကြောင်း” ၊ “မတူညီသော လင်ဇီး မျိုးစိတ်တို့ကိုပြသခြင်း” နှင့် “လင်ဇီးအမျိုးအစားတို့ကိုခွဲခြားခြင်း” စသည်တို့ကို အသေးစိတ် မိတ်ဆက်ပေးသည့်နောက်တွင် လာရောက်လေ့လာသူများသည် လင်ဇီးကို အမှန်စင်စစ် နှိုက်နှိုက် ချွတ်ချွတ် နားလည်နိုင်သည့်အပြင် လင်ဇီးသိပ္ပံခန်းမ၏ ကြီးကျယ်လေးနက်မှုကို အစဉ်အမှတ်ရ နေမည်ဖြစ်သည်။
အသိအမှတ်ပြုမှုနှင့် လက်မှတ်များ
ကမ္ဘာပေါ်တွင် ဂုဏ်သရေရှိစေသော နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များထုတ်ကုန်အရည်အသွေးကို မြင့်တင်နိုင်ရန်အတွက် ခေတ်မီဆန်းသစ်သော စက်ပစ္စည်းများနှင့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် သုတေသနပြုပြီး တိုးတက်ရန် ကြိုးစားခဲ့သည့်အတွက် နိုင်ငံတကာစံနှုန်းကို ကျော်လွန်၍ အောက်ပါအသိအမှတ်ပြုလက်မှတ်များကို ရရှိခဲ့သည်။
စက်ရုံတွင်းသုတေသနပြု၍ ထုတ်လုပ်ထားသော ထုတ်ကုန်များသည်လည်း အသိအမှတ်ပြု လက်မှတ်များ ရရှိထားသည်။ ထိုလက်မှတ်များမှာ -