
ပါဝင်ပစ္စည်းများ - ပဲပုတ်စေ့ကရတဲ့ ပရိုတင်းဓါတ်၊ Codium Tomentosum နဲ့ Blidingia Minima ရေညှိ၊ Biopeptides ၊ Canadian Willowherb ၊ Y-PGA ၊ β-Glucane ၊ Macadamia အဆီ ၊ Shea Butter ၊Jojoba Oil ၊ Neroli Oil တို့ဖြစ်ပါတယ်။
အာနိသင်ထူးများ
- ပဲပုပ်စေ့က ရတဲ့ ပရိုတင်းဓါတ် - ပဲပုပ်ကရတဲ့ ပရိုတင်းဓါတ်ဟာ အရေပြားတစ်ရှူးတွေ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် အာဟာရဓါတ်ကို ဖြည့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေ ပါတယ်။
- Codium Tomentosum နဲ့ Blidingia Minima ရေညှိ - အရေပြားအတွက် လိုအပ်တဲ့ အစိုဓါတ်ကို ဖြည့်ဆည်းပေးပြီး ရေမော်လီကျူးလေးတွေကို ထိန်းထားနိုင်တဲ့ အစွမ်းကြောင့် အသားအရေကို ကြည်လင်လှပစေပါတယ်။
- Biopeptides - အရေပြားကျုံ့နိုင်၊ ဆန့်နိုင်အားကို ကောင်းစေတဲ့အတွက် အရေးကြောင်း တွေ မဖြစ်အောင် စွမ်းဆောင်ပေးပြီး အိုမင်းရင့်ရော်မှုကို တာဆီးပေးပါတယ်။
- Canadian Willowherb - အရေပြား ဓါတ်မတည့်မှုကို ကုစားပေးပါတယ်။
- Y-PGA - အစွမ်းထက် အစိုဓါတ်ထိန်း ဒြပ်ပစ္စည်း ဖြစ်ပါတယ်။
- β-Glucane - တစေး (yeast) ရဲ့ ဆဲလ်နံရံတွေကနေ ထုတ်ယူထားပြီး ခန္ဓာကိုယ် အရေပြားရဲ့ ခုခံအား စနစ်ကို ပံ့ပိုးပေးပါတယ်။
- Macadamia အဆီ - အစိုဓါတ်ကို ထိန်းပေးပါတယ်။ ကြမ်းတမ်းတဲ့ အရေပြားကို ပြုပြင်ပေးပြီး အရေပြား ထိခိုက်မှုတွေကို အကာအကွယ်ပေးပါတယ်။
- Shea Butter - အရေပြားဆဲလ်တွေ တည်ဆောက်ပြုပြင်ပေးတဲ့ နေရာမှာ အစွမ်းထက်ပြီး အနာကျက် မြန်စေတဲ့ သတ္တိရှိပါတယ်။
- Jojoba Oil - ရေဓါတ်ခမ်းခြောက်နေတဲ့ အသားအရေကို စိုပြေစေတဲ့ အဆီတစ်မျိုး ဖြစ်ပါတယ်။
- Neroli Oil - စိတ်ဖိစီးမှုကို ဖြေလျှော့ပေးပါတယ်။
မနက်ည မျက်နှာသစ်ပြီးနောက် အနေတော်ယူ၍ မျက်နှာနှင့် လည်ပင်းတွင် ညီညာစွာ လိမ်းပေးပါ။
21 ရာစု၏ အရှားပါးဆုံးနှင့် အဖိုးတန်ဆုံး အသားအရေထိန်း ပစ္စည်း - Criste Marine
Criste Marine အပင်၏ အမြစ်များနှင့် အညွန့်များမှ ပင်စည်ဆဲလ်အဆီအနှစ်ဖြင့် ထုတ်လုပ်ထား တာကြောင့် အရေပြား အောက်ဆုံးအလွှာ မှာရှိတဲ့ ဆဲလ်သစ်ဖြစ်ပွားမှုကို လှုံ့ဆော်ပေးပြီး ပျက်ဆီး နေသော ဆဲလ်များကို ပြုပြင်ပေး ပါတယ်။ အနာကျက်မြန်စေပါတယ်။ အသားအရေရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို မှန်ကန်စေတဲ့ အပြင် အမည်းစက်၊ တင်းတိပ်များကို လျော့ပါးစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။