
အာနိသင်ထူးများ
- အဆင့်မြင့်ဆုံး ဇီဝနည်းပညာကို အသုံးပြုပြီး အပင်မှရသော အဆီကို အဓိကထား၍ ထုတ်လုပ်ထားသော သန့်စင်ပစ္စည်း ဖြစ်သောကြောင့် အသားအရေကို ပိုမိုချောမွေ့ စေသည်။ ဤပျော့ပျောင်း နူးညံ့သော ခရင်မ်သည် စေးကပ်မှု မရှိဘဲ မိတ်ကပ်ကို နူးညံ့သိမ်မွေ့စွာ ဖျက်ပေးသောကြောင့် အသားအရေကို လန်းဆန်းသွားစေသော အာနိသင်ရှိသည်။
- သံလွင်ဆီထည့်သွင်းထားသောကြောင့် အသားအရေကို သန့်စင်စေတဲ့အပြင် အသားအရေ ပျက်ဆီးခြင်း မရှိအောင် ကာကွယ်ပေးပြီး ကျိန်းစပ်ခြင်း မရှိစေပါ။
- ဓါတ်မတည့်မှုကို တားဆီးပေးသော Canadian Willowherb ကို ထည့်သွင်းထားသည်။
- ရေဖြင့် အလွယ်တကူ သန့်စင်နိုင်သည်။
စိုစွတ်နေသော မျက်နှာပေါ်တွင် လိမ်း၍ နှိပ်နယ်ပေးပါ။ ပြီးလျှင်ရေသန့်ဖြင့် ဆေးချပါ။
မိတ်ကပ်ဖျက်ခြင်း - အသားအရေကို သန့်စင်ဖို့အတွက် ပထမဆုံး အဆင့်
ကျွန်ုပ်တို့ရဲ့ မျက်နှာဟာ အပြင်ဘက်မှာ ရှည်ကြာစွာ ရှိနေတာကြောင့် လေထုထဲရှိ အညစ်အကြေးများ ၊ ကိုယ်ခန္ဓာမှထွက်သော ချွေး နှင့် အဆီများ ၊ မိတ်ကပ်နှင့်နေရောင်ကာလိမ်း ထုတ်ကုန်များကြောင့် သာမန် မျက်နှာသစ် ဆပ်ပြာများကို သုံးပြီး အညစ်အကြေးများကို အတွင်းထဲထိ မသန့်စင်နိုင်ပါဘူး။ အကယ်၍ ချွေးပေါက်များ ကြာရှည်စွာ ပိတ်ဆို့နေပါက အရေပြားအောက်ရှိ အဆီအိတ်တွေဟာ ပုံမှန် အလုပ် မလုပ်တော့ဘဲ ရောင်ခြယ်များ အနည်ထိုင်ခြင်း ၊ ချွေးပေါက်ကျယ်ခြင်း ၊ ဝက်ခြံထွက်ခြင်း ၊ မှဲ့ခြောက် ထွက်ခြင်း စသော ပြဿနာများ ဖြစ်နိုင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မိတ်ကပ်ဖျက်ခြင်း ဟာ အသားအရေကို သန့်စင်ဖို့အတွက် ပထမဆုံးအဆင့် ဖြစ်တာကြောင့် မသိကျိုးကျွန်ပြုလို့ မရတော့ ပါဘူး။