နောက်သို့ ပုံနှိပ်သည်။

တမူထူးခြားတဲ့ ပါဝင်ပစ္စည်း - Antracticine
ရေဓါတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တဲ့အပြင် အရေပြား မတွန့်အောင် ကာကွယ် ပေးနိုင်သည်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အန္တာတိကပင်လယ် ရေခဲမြစ်၏ အောက်ခြေရှိ ဘက်တီးရီးယားမှ ထွက်သော Secretion Polymer သည် အရေပြား အပေါ်ယံလွှာတွင် ဖြန့်ကျက် တည်ရှိနေသောကြောင့် အေးခဲနေသော ပတ်ဝန်းကျင်ကို အန်တုနိုင်ပြီး အရေပြားပျက်ဆီးခြင်းမှ ကာကွယ်နိုင်သည်။ ဒါ့အပြင် အရေပြား အပေါ်ယံလွှာနှင့် အလယ်လွှာကို ဆက်သွယ်ပေးနိုင် သောကြောင့် အရေပြား အပေါ်ယံလွှာမှ လိုအပ်သော ဆဲလ်များကို အလွယ်တကူ ဖြည့်ဆည်း ပေးနိုင်သည်။

Pseudo Alteromonas Ferment Extract

  • အရေပြားဆဲလ်များကို ပုံမှန်အလုပ်လုပ်စေပြီး အရေပြား ခြောက်သွေ့မှု မရှိအောင် ကာကွယ်ပေးတဲ့အပြင် အသားပတ်ခြင်း၊ ကွဲခြင်း၊ အနာဖြစ်ခြင်း တို့ကို ကုသပေးနိုင်သည်။
  • ကော်လီဂျင်ဓါတ်နှင့် elastic တွေကို ထုတ်လုပ်ပေးသောကြောင့် အရေပြားတွန့်ခြင်းကို ထိရောက်စွာ ဟန့်တားပေးနိုင်သည်။
  • သဘာဝအစိုဓါတ်ထိန်း ပစ္စည်းတွေ ပါဝင်တာကြောင့် ရေဓါတ်ကို အကောင်းဆုံး ထိန်းချုပ် ထားနိုင်ပြီး အရေပြားပေါ်တွင် နူးညံ့သော အလွှာပါးအဖြစ် တည်ရှိနေသည်။

သဘာဝအပင်တွေရဲ့ ဇီဝဓါတ်တွေကို မပျက်စီးစေဖို့နဲ့ အစွမ်းထက်ဆုံး အာနိသင် ရရှိ ဖို့အတွက် အပူချိန်ကို အနိမ့်ဆုံးထားပြီး အဆီအနှစ်တွေကို ထုတ်ယူထားပါတယ်။

  • Meadowsweet Extract - ရောင်ရမ်းနာကျင်ခြင်းတွေကို ဟန့်တားပေးပြီး ခန္ဓာကိုယ်က သဘာဝအလျှောက် လုပ်ရမဲ့ အလုပ်တွေကို ကောင်းစွာ လုပ်စေ ပါတယ်။
  • သခွားသီးမှ ထုတ်လုပ်ထားသော အဆီအနှစ် - ရောင်ရမ်းနာကျင်ခြင်း၊ ယားယံခြင်း နှင့် အရေပြားအပေါ် ထိခိုက်မိခြင်းကြောင့် ဖြစ်သော အနာအဆာများကို သက်သာပျောက်ကင်းစေသည်။
  • Burdock Exract - အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဂလင်းတွေကို ပုံမှန် အလုပ်လုပ်စေသောကြောင့် ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးပါတယ်။