
အာနိသင်ထူးများ
- အဆင့်မြင့်ဆုံး ဇီဝနည်းပညာနဲ့ ထုတ်လုပ်ထားသော ရေဓါတ်ကို ဖြည့်ပေးတဲ့ Hydrolyzed Milk Protein နဲ့ Composite Peptides တို့ ပါဝင်သောကြောင့် အသားအရေကို စိုပြေစေတဲ့ အပြင် ကော်လီဂျင် ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေသောကြောင့် အရေးကြောင်းများကို ကင်းစင်စေပြီး တင်းရင်းချောမွေ့သော အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။
- ပေါင်းခံပြီး ထုတ်နုတ်ထားတဲ့ ဂျုံမှ အဆီအနှစ် ( Wheat Germ Oil ) ၊ လူပင်စေ့မှ ရသော အဆီအနှစ် ( Lupines Albus Seed Oil ) နှင့် နေကြာဆီတို့ကို ထည့်သွင်းထားသောကြောင့် အသားအရေက လိုအပ်သော ဓါတ်များကို အပြည့်အဝ ပေးနိုင်တဲ့အပြင် အသားအရေ၏ DNA ကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် အရေပြားကို ဆွဲဆန့်အား ကောင်းစေပါတယ်။
- ရေဓါတ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးနိုင်တဲ့ ပင်လယ်ရေမှော် နှင့် Antracticine ကို ထည့်သွင်းထားသောကြောင့် အသားအရေ အတွင်းပိုင်းထဲထိ စိမ့်ဝင်အောင် အစိုဓါတ်တွေ ပေးပါတယ်။
- ဓါတ်မတည့်မှုကို တားဆီးပေးတဲ့ Canadian Willowherb နှင့် အရေပြားဆဲလ် တွေကို တည်ဆောက်ပြူပြင်ပေးတဲ့ Shea Butter ကို ထည့်သွင်းထားသောကြောင့် အရေပြားက အလွယ်တကူ စုပ်ယူအသုံးချနိုင်ပါတယ်။
- နူးညံ့စိုပြေပြီး စိမ့်ဝင်မှု အားကောင်းစေသောကြောင့် အသားအရေပေါ်မှာ မမြင်နိုင်တဲ့ ပါးလွှာတဲ့ ကွန်ယက်လေးတွေ တည်ဆောက်ပေးပြီး သဘာဝအတိုင်း အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။ အသားအရေကိုလည်း အမြဲတမ်း နူးညံ့စိုပြေလန်းဆန်း စေပါတယ်။
မျက်နှာနှင့် လည်ပင်းတွင် ညီညာစွာ လိမ်းပါ။ မနက်ည အသုံးပြုနိုင်သည်။
အသားလှခရင်မ် - အသားရေ ထိန်းသိမ်းဖို့ အတွက် မရှိမဖြစ် လိုအပ်သည်။
အသားအရေကို ရေဓါတ်ဖြည့်ပေးပြီး အသားအရေ စိုပြေချောမွေ့နေတဲ့ အချိန်ဟာ အသားအရေကို အာဟာရဖြည့်ပေးဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသားလှ ခရင်မ်ထဲမှာ ပါတဲ့ အာဟာရဓါတ် ၊ ဖြူစင်ဝင်းပစေတဲ့ဓါတ် ၊ ဆွဲဆန့်အားကို ကောင်းစေပြီး အိုမင်း ရင့်ရော်မှုကို ကာကွယ်ပေးတဲ့ဓါတ် စတဲ့ အာနိသင်ရှိ ပစ္စည်းတွေကို အသားအရေက အကောင်းဆုံး စုပ်ယူအသုံးချနိုင်တဲ့ အချိန်ဖြစ်လို့ပါ။ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းမှုတွေ ပေးနိုင်သလို အရေပြားကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ပေး နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး အသားလှခရင်မ် တစ်ဗူးရှိဖို့ကလည်း အလွန်အရေးကြီးတယ်နော်။