
အာနိသင်ထူးများ
- စိတ်ချရပြီး အာနိသင် ထိရောက်မှုအရှိဆုံး ဆဲလ်သေဖယ်ရှားနည်း ဖြစ်ပါတယ်။ အချဉ်ဖောက် ပြီးသော ရွှေဖရုံသီး နှင့် ပရိုတင်းအင်ဇိုင်း တို့ဟာ အိုမင်းနေသော ဆဲလ်တွေကိုသာ ဖယ်ရှား ပေးသောကြောင့် အရေပြားကို ကျိန်းစပ်ခြင်း မဖြစ်စေနိုင်ပါဘူး။
- အသားအရေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသောကြောင့် အသားအရေကို နူးညံ့ တောက်ပ စေပါတယ်။
- ဓါတ်မတည့်မှုကိုတားဆီးပေးတဲ့ Canadian Willowherb ၊ LuminariaOchroleuca လို့ခေါ်တဲ့ ပင်လယ်ရေညှိတို့ ပါဝင် သောကြောင့် ရေဓါတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ချောမွေ့ စေပါတယ်။
- Jojoba Oil ပါဝင်သောကြောင့် အသားအရေ ခြောက်သွေ့မှုကို လျော့ချပေးပြီး အသားအရေ ကို စိုပြေစေပါတယ်။
- Macadamia Oil ပါဝင်သောကြောင့် အစိုဓါတ်ကို ထိန်းပေးပြီး ကြမ်းတမ်းတဲ့ အရေပြား ကိုပြုပြင်ပေးတဲ့ အပြင် အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
- အသားအရေပေါ် မူတည်၍ အပတ်စဉ် ၁ ကြိမ် (သို့) ၂ ကြိမ်ထိ ပုံမှန်ပြုလုပ်ပေးပါ။ ဆဲလ်သေတွေကို ထိရောက်စွာ ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွတ် စေတဲ့အပြင် အရေပြားမှ လိုအပ်သော အာဟာရများကို အလွယ်တကူ စုပ်ယူနိုင်သည်။
သန့်ရှင်းသော မျက်နှာနှင့် လည်ပင်းပေါ်တွင် ညင်သာစွာလိမ်းပါ။ မိနစ်အနည်းငယ်ကြာလျှင် ရေဖြင့်ဆေးလိုက်ပါ။ အပတ်စဉ် 1 ကြိမ် မှ 2 ကြိမ် အသုံးပြုနိုင်သည်။
ဆဲလ်သေများကို ဖယ်ရှားခြင်း - အသားအရေ ထိန်းသိမ်းဖို့အတွက် အပတ်စဉ် မဖြစ်မနေ ပြုလုပ်ရမည့် အရေးကြီးအချက်
ကျန်းမာသောအရေပြား၏ ဇီဝကမ္မဖြစ်စဉ်သည် ပုံမှန်အားဖြင့် 21 ရက် ကနေ 28 ရက်ထိ ကြာတတ် သည်။ ဇီဝကမ္မဖြစ်စဉ်အတွင်း အရေပြား အပေါ်ယံလွှာ၏ အောက်ဆုံးအလွှာသည် ဆဲလ်သစ်များကို မွေးထုတ်ပေးသောကြောင့် နဂိုရှိရင်းဆဲလ်များကို အပေါ်သို့ တွန်းထုတ်သည်။ ထိုအခါ အိုမင်းနေသော ဆဲလ်များသည် အရေပြား၏ အပြင်ဘက်ဆုံး အလွှာတွင် သွားရောက်စုပုံနေပြီး ဆဲလ်သေများ ဖြစ်သွား သည်။ ကျန်းမာရေး မကောင်းခြင်း (သို့) အသက်အရွယ် ကြီးရင့်လာခြင်း တို့ကြောင့် အရေပြား၏ ဇီဝကမ္မဖြစ်စဉ်သည် နှေးကွေးသွားသည့် အပြင် ဆဲလ်သေများသည် အရေပြား၏ အပြင်ဘက်တွင် စုပုံနေတတ်သည်။ အကယ်၍ မျက်နှာပေါ်မှ ဆဲလ်အိုများနှင့် ဆဲလ်သေများကို မဖယ်ရှားလျှင် အရေပြားသည် တဖြည်းဖြည်း အရောင်မှေးမှိန်သွားပြီး ကြမ်းတမ်းလာမည်။ ထို့အပြင် အရေးကြောင်း များလည်း ပေါ်လာပြီး အရေပြားမှ လိုအပ်သော အာဟာရကို အလွယ်တကူ မစုပ်ယူနိုင်တော့ပါ။ ထို့ကြောင့် နူးညံ့ပြီး စိုပြေဝင်းမွတ်သော အသားအရေကို ပိုင်ဆိုင်လိုလျှင် ဆဲလ်အိုများ နှင့် ဆဲလ်သေ များကို အရင်ဦးဆုံး ဖယ်ရှားပေးရမည် ဖြစ်သည်။