နောက်သို့ ပုံနှိပ်သည်။

ပါဝင်ပစ္စည်း - အမီနိုအက်ဆစ်၊ Glyceryl Cocoate ၊ အမီနိုအက်ဆစ်ဓါတ်ပေါင်း ၈မျိုး နှင့် သဘာဝ အစိုထိန်းပစ္စည်း ။

အာနိသင်ထူးများ

  • Sodium Lauroyl Glutamate - အမီနိုအက်ဆစ်အခြေပြုပစ္စည်းဟာ အရေပြား အပေါ်ယံလွှာမှာရှိတဲ့ အညစ်အကြေးတွေနဲ့ အဆီများကို သန့်စင်ပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာ တင်းရင်းနေတဲ့ခံစားမှုမျိုး ၊ ရေဓါတ်ခမ်းခြောက်တာမျိုး၊ မျက်စိယားယံ တာမျိုးတွေ လုံးဝ မဖြစ်စေပါဘူး။
  • Glyceryl Cocoate – အသားအရေယားယံမှု မရှိစေသော အစိုဓါတ်ထိန်းပစ္စည်း ဖြစ်သောကြောင့် အသုံးပြုပြီးနောက် အရေပြားကို တင်းရင်းခြောက်သွေ့မှု မဖြစ်အောင် စွမ်းဆောင်ပေးပါတယ်။ အသားအရေကို နူးညံ့ပြီး လန်းဆန်းစေပါတယ်။
  • အမီနိုအက်ဆစ်ဓါတ်ပေါင်း ၈မျိုး - သဘာဝပစ္စည်းတွေနဲ့ အစိုဓါတ်ထိန်းပေး သောကြောင့် အရေပြားတစ်ရှူးတွေ လိုအပ်တဲ့ ရေဓါတ်ကို အပြည့်အဝ ပေးနိုင်ပါတယ်။
  • သဘာဝအစိုထိန်းပစ္စည်း - အသားအရေကို သန့်စင်ချိန်တွင် အရေပြားအပေါ်ယံလွှာကို ကာကွယ်ပေးနိုင်ပြီး အစိုဓါတ်ထိန်းပေးနိုင်သောကြောင့် အသားအရေကို ခြောက်သွေ့မှု မရှိစေဘဲ အမြဲနူးညံ့စိုပြေ စေပါတယ်။

လက်ဖ၀ါးပေါ်တွင် အနေတော်တင်ပြီး ရေအနည်းငယ်ဖြင့် အမြုပ်ထအောင်ပွတ်ပြီး မျက်နှာပေါ် တွင်တင်ကာ ညင်သာစွာ နှိပ်ပါ။ ပြီးလျှင် ရေဖြင့်ပြောင်စင်အောင်ဆေးပါ။ မနက်ည အသုံးပြုပါ။

အမီနိုအက်ဆစ် အခြေပြုပစ္စည်း ဆိုတာဘာလဲ?

အခုခေတ် အလှအပနည်းပညာအရ အမီနိုအက်ဆစ်အခြေပြုပစ္စည်းသည် လူ့အသားအရေ၏ PH တန်ဖိုးနှင့် အနီးကပ်ဆုံးတူညီသည့် သန့်စင်ပစ္စည်း ဖြစ်ပါသည်။ အက်ဆစ်ဓါတ်နည်းသော ပတ်ဝန်းကျင်တွင် အပေါ်ယံလွှာရှိ အင်ဇိုင်းသည် ကောင်းစွာအလုပ်လုပ်နိုင်သည်။ အသားအရေ၏ ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေသည့်အတွက် ဓါတ်မတည့်မှုမဖြစ်စေပါ။

ဈေးကွက်ထဲတွင် ရောင်းချသော အမီနိုအက်ဆစ်ပါဝင်သည့် မျက်နှာသစ်ထုတ်ကုန်များတွင် ဖြစ်နိုင်ခြေ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အမီနိုအက်ဆစ်ဓါတ်ကို ထည့်သွင်းထားသော်လည်း ဆပ်ပြာ (သို့) anionic surfactant လို့ခေါ်တဲ့ ပြင်းအားမြင့်တဲ့ သန့်စင်ပစ္စည်းကို အဓိကအခြေခံပစ္စည်း အဖြစ် အသုံးပြုထားသော ထုတ်ကုန်ဖြစ်သည်။ နောက်တစ်မျိုးမှာ အမီနိုအက်ဆစ်ဓါတ်ကို အခြေပြုပြီး ထုတ်လုပ်ထားသော ထုတ်ကုန်ဖြစ်သည်။ စစ်မှန်သော အမီနိုအက်ဆစ် မျက်နှာသစ် ထုတ်ကုန်သည် သဘာဝအပင်များမှရသော ဖက်တီးအက်ဆစ်နှင့် အမီနိုအက်ဆစ်ကို အခြေပြု၍ ထုတ်လုပ်ထားသော ထုတ်ကုန်ဖြစ်သည်။

အမီနိုအက်ဆစ်အခြေပြုပစ္စည်းကို ထည့်သွင်းသည့် ပမာဏသည်လည်း အရေးကြီးသည်။ အကယ်၍ ထည့်သွင်းသည့် ပမာဏနည်းလွန်းပြီး ကျိန်းစပ်မှုကို မြင့်စေသော ပါဝင်ပစ္စည်းများ နှင့်ပေါင်းစပ်သွားလျှင် နူးညံ့တဲ့ ထိတွေ့မှုကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။

နူးညံ့သောထိတွေ့မှုသည် အမီနိုအက်ဆစ်အခြေပြုပစ္စည်း၏ အကောင်းဆုံးသော အားသာချက်ပင် ဖြစ်သည်။ ယားယံ ဓါတ်မတည့်မှုကို မဖြစ်စေဘဲ အသားအရေကို အကောင်းဆုံး သန့်စင်ပေး နိုင်သည်။

AquaSense Amino Acid Cleanser ၏ ထူးခြားသောအာနိသင်များ

  1. အမီနိုအက်ဆစ် အခြေပြုပစ္စည်း - ဓါတုပါဝင်ပစ္စည်းများကြောင့်ဖြစ်သော ဓါတ်မတည့်မှုနှင့် ယားယံမှုများကို သက်သာစေသည်။
  2. သန့်စင်မှုအမြင့်ဆုံး - တကယ့်စစ်မှန်တဲ့အဆီအနှစ်များနဲ့ ပြုလုပ်ထားသောကြောင့် အနည်းငယ် အသုံးပြုရုံဖြင့် အသားအရေကို သန့်စင်စေနိုင်သည်။
  3. အလွန်နူးညံ့သော ဆပ်ပြာမြုပ်ရှိခြင်းကြောင့် အရေပြားရဲ့ အနက်ရှိုင်းဆုံးမှာရှိတဲ့ အညစ် အကြေးနဲ့ အဆီတွေကို ဖယ်ရှားသန့်စင် ပေးပါတယ်။ ချွေးပေါက်တွေကိုလည်း ပြုပြင်ပေး ပါတယ်။
  4. ရေဓါတ်ကို ထိန်းချုပ်ပေးနိုင်- အမီနိုအက်ဆစ်သည် ကော်လီဂျင်ဓါတ်၏ လက္ခဏာနှင့် တူညီသည်။ ရေနဲ့ အနီးစပ်ဆုံး ရှိသောကြောင့် ရေဓါတ်ကို ထိန်းချူပ်ပေးနိုင်ပြီး အသားအရေကို ရေဓါတ်ကုန်ခမ်းခြင်း မဖြစ်စေနိုင်ပါ။ ရေဓါတ်များလျှင် အဆီပြန်မှုနည်း သည်။ ထို့ကြောင့် အသားအရေကို အဆီမပြန်အောင် ထိန်းချုပ်ပေးနိုင်သည်။