
ပါဝင်ပစ္စည်း - ဆံသားများကို ပြုပြင်ပေးသော အထူးဒြပ်ပေါင်း၊ ဗီတာမင် B5 ၊ Climbazole ၊ ဗီတာမင် B3 နှင့် Menthol.
အာနိသင်ထူးများ
- ဆံသားများကို ပြုပြင်ပေးသော အထူးဒြပ်ပေါင်း - ဆံပင်ပေါ်တွင် နူးညံ့သောအလွှာပါးလေး အဖြစ် တည်ရှိနေသောကြောင့် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံသားကြွပ်ဆပ်ခြင်းတွေ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
- ဗီတာမင် B5 - ဆံပင်များကို ကျန်းမာသန်စွမ်း စေတဲ့အပြင် နူးညံ့ချောမွေ့ပြီး တောက်ပ နေစေပါတယ်။
- Climbazole - မှိုတွေကြီးထွားပေါက်ပွားခြင်း မရှိအောင် ဟန့်တားပေးတဲ့ Climbazole ကို ထည့်သွင်းထားပါတယ်။ ဗောက်ထခြင်း မရှိအောင် ကာကွယ်ပေးနိုင်တဲ့အပြင် ဦးရေပြား ယားယံခြင်း၊ ဓါတ်မတည့်မှုဖြစ်ခြင်းမှ လျော့ချပေးနိုင်ပါသည်။
- ဗီတာမင် B3 - ဦးရေပြားကို ကျန်းမာသန့်ရှင်းစေပြီး အနာမဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ ဆံပင်များကို သန်မာစေပြီး ဆံပင်နှစ်ခွမဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
- Menthol - အသုံးပြုပြီးနောက် ဦးရေပြားကို သန့်ရှင်းလန်းဆန်းစေပြီး သက်တောင့် သက်သာ ရှိစေပါတယ်။
ဆံပင်အမျိုးအစားတိုင်းနဲ့ သင့်တော်ပါတယ်။
စိုစွတ်နေသော လက်ဖ၀ါးပေါ်တွင် အနေတော်တင်၍ အမြုပ်ထအောင်ပွတ်ပါ။ ထို့နောက် စိုစွတ်နေသော ဆံပင်ပေါ်တွင်တင်၍ 3-5 မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးလျှင် ရေသန့်ဖြင့် ဆေးချပါ။ ပို၍သန့်စင်လိုလျှင် နှစ်ခါလျှော်ပါ။ ဒုတိယတစ်ခေါက်တွင် ဦးခေါင်းပေါ်တွင် မိနစ်အနည်းငယ်ခန့် ထား၍ ရေဆေးချပါ။