နောက်သို့ ပုံနှိပ်သည်။

ပါဝင်ပစ္စည်းများ - ရှားစောင်းလက်ပတ် နှင့် သခွားသီးတို့၏ အဆီအနှစ်၊ အနီရောင် ပင်လယ်ရေမှော်၊ ဆံသားများကိုပြုပြင်ပေးသော အထူးဒြပ်ပေါင်း နှင့် ဗီတာမင် B5 ။ .

အာနိသင်ထူးများ

  • ရှားစောင်းလက်ပတ်နှင့် သခွားသီးတို့၏ အဆီအနှစ် - ဦးရေပြားကို သန့်ရှင်းကျန်းမာစေ တဲ့အပြင် ဆံပင်များကို အစိုဓါတ်ထိန်းချုပ်ပေးနိုင်ပြီး ဆံပင်များ ရေဓါတ်ခမ်းခြောက်ခြင်း ကြောင့်ဖြစ်ပေါ်လာသော ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
  • အနီရောင်ပင်လယ်ရေမှော်၏အဆီအနှစ် - အစိုဓါတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင် သောကြောင့် ဆံပင်များ ခြောက်သွေ့ခြင်းနှင့် နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆံပင်များကို ပျော့ပျောင်းနူးညံ့စေပြီး ဆံပင်အုံကိုလည်း ကောင်းစေပါသည်။ ပျက်ဆီး နေသော ဆံသားများကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်သည်။
  • ဆံသားများကို ပြုပြင်ပေးသော အထူးဒြပ်ပေါင်း - ဆံပင်ပေါ်တွင် နူးညံ့သောအလွှာပါးလေး အဖြစ်တည်ရှိနေသောကြောင့် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံသားကြွပ်ဆပ်ခြင်းတွေ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
  • ဗီတာမင် B5 - ဆံပင်များကို ကျန်းမာသန်စွမ်း စေတဲ့အပြင် နူးညံ့ချောမွေ့ပြီး တောက်ပ နေစေပါတယ်။

    ဆံပင်အမျိုးအစားတိုင်းနဲ့ သင့်တော်ပါတယ်။
    စိုစွတ်နေသော လက်ဖ၀ါးပေါ်တွင် အနေတော်တင်၍ အမြုပ်ထအောင်ပွတ်ပါ။ ထို့နောက် စိုစွတ်နေသော ဆံပင်ပေါ်တွင်တင်၍ 3-5 မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးလျှင် ရေသန့်ဖြင့် ဆေးချပါ။ ပို၍သန့်စင်လိုလျှင် နှစ်ခါလျှော်ပါ။ ဒုတိယတစ်ခေါက်တွင် ဦးခေါင်းပေါ်တွင် မိနစ်အနည်းငယ်ခန့် ထား၍ ရေဆေးချပါ။