လင်ဇီး၏မွေးရပ်မြေ- ဇီဝနည်းပညာစိုက်ခင်း
လိပ်စာ - No.35-1 , Mu-Chi Liao , Fu-Shan Li ,Pai-Ho Chen, Tainan Hsien, ထိုင်ဝမ် ။

ကျွန်ုပ်တို့အကြောင်း

စွမ်းဟော့အုပ်စုမှ အရည်အသွေးမြင့်လင်ဇီးများကို ရရှိနိုင်ရန်အတွက် 1994ခုနှစ်တွင် ဧရိယာ စတုရန်းမီတာ 48,000 ရှိသော ဇီဝနည်းပညာစိုက်ခင်းဖြင့် လင်ဇီးကို စိုက်ပျိုးခဲ့သည်။ ထိုင်ဝမ် ထိုင်နန်ခရိုင် ပိုင်ဟိုမြို့တွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး စိုစွတ်သော ရာသီဥတုရှိပြီး နေရောင် အလုံအလောက်ရသဖြင့် လင်ဇီးစိုက်ရန် အထူးသင့်လျော်သည်။
ဇီဝနည်းပညာသုံး ဖန်လုံအိမ် လင်ဇီးစိုက်ခင်း

ကမ္ဘာကြီးပိုမိုပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို တွန်းလှန်နိုင်ရန် ၊ အရည်အသွေး တသတ်မတ်တည်းရှိသော ကုန်ကြမ်းများကို များများထုတ်လုပ်နိုင်ရန်၊ လင်ဇီး စိုက်ပျိုးသော လုပ်ငန်းသစ်တစ်ခုကို တည်ထောင်နိုင်ရန်အတွက် စွမ်းဟော့အုပ်စုမှ ထိုင်နန်ခရိုင် ပိုင်ဟိုမြို့တွင် ကမ္ဘာ့အကြီးဆုံးနှင့် ကျွမ်းကျင်မှုအရှိဆုံး ဇီဝနည်းပညာသုံး ဖန်လုံအိမ် လင်ဇီး စိုက်ခင်းနှစ်ခုကို တည်ဆောက်ခဲ့သည်။ ကျွမ်းကျင်မှုအရှိဆုံး ဇီဝနည်းပညာသုံး လင်ဇီးစိုက်ခင်း တွင် တမူထူးခြားသော လင်ဇီးများကို သုတေသနပြုပြီး ခေတ်အမီဆုံး နည်းပညာဖြင့် လင်ဇီးကို စိုက်ပျိုးထုတ်လုပ်သည်။
ကြယ်ငါးပွင့်အဆင့်ရှိသည့် ဇီဝနည်းပညာသုံး ဖန်လုံအိမ်လင်ဇီးစိုက်ခင်းသည် လင်ဇီးမျိုးစိတ်များ အကောင်းဆုံးရှင်သန်ကြီးထွားစေရန်အတွက် ဖန်တီးထားသော နေရာဖြစ်သည်။ ဖန်လုံအိမ်ကို ကွန်ပျူတာစနစ်ဖြင့် ထိန်းချူပ်ထားသည့်အတွက် အတွင်း အပြင်ရှိ အပူချိန်ကို တစ်နှစ်ပတ်လုံး စစ်ဆေးနိုင်သည်။ ပြင်ပအပူချိန်နှင့် စိုထိုင်းဆတို့ကို ကြောက်စရာမလိုဘဲ လင်ဇီးကို ပုံမှန်ကြီးထွား ရှင်သန်စေနိုင်သည်။ လင်ဇီးမျိုးစိတ်များ၏ လိုအပ်ချက်အရပ်ရပ်ကို ဖန်တီးပြုပြင်နိုင်သဖြင့် အရည်အသွေးမြင့်လင်ဇီးးကို ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဒါ့အပြင် ဖန်လုံအိမ်အတွင်းတွင် လင်ဇီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှူံးမှုနှင့် ပြင်ပမှညစ်ညမ်းမှုတို့ကို ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် တသတ်မတ်တည်း တူညီသည့် အရည်အသွေးမြင့်လင်ဇီး၏ ကုန်ကြမ်းကို ထုတ်လုပ်နိုင်ပြီး ဈေးကွက်မှ လိုအပ်သော ပမာဏကိုလည်း ဖြည့်တင်းပေးနိုင်သည်။