နောက်သို့ ပုံနှိပ်သည်။

အဆီဓါတ်နဲ့ပရိုတင်းဓါတ်ကို ဖြိုခွဲပေးနိုင်တဲ့အင်ဇိုင်း၊ လီမွန်ဆီ၊ အညစ်အကြေးတွေကို ဆေးကြောရာမှာ အစွမ်းထက်တဲ့ Glucoside နဲ့ အဆင့်မြင့် အညစ်အကြေးသန့်စင်ပစ္စည်း(non-ionic)တို့ ပါဝင်ပါတယ်။

Attributes of the product:

  • လေထု၊ရေထု ထဲမှာရှိတဲ့ ဇီဝပိုးတွေက အလွယ်တကူ ဖြိုခွင်းပေးနိုင်တဲ့ အင်ဇိုင်း ဖော်မြူလာကို အသုံးပြုထားတာကြောင့် ပန်းကန်ခွက်ယောက်များ၊ မီးဖိုဆောင် အသုံးပစ္စည်းများနှင့် ကြမ်းပြင်ရှိ ညစ်စွန်းစေသောအဆီများကို ကောင်းစွာ သန့်စင် ပေးနိုင်ပါတယ်။ အမြှုပ်ထမှုနည်းပြီး မည်သည့်အညစ်အကြေးမှ မကျန်အောင် အလွယ်တကူ ဆေးကြောနိုင်တဲ့အပြင် သင့်မီးဖိုဆောင်သုံးပစ္စည်းများကို အမြဲ သန့်စင်တောက်ပနေစေပါတယ်။
  • ပြင်းအားမြင့် ဖော်မြူလာကို သုံးထားတဲ့အတွက် ပမာဏအနည်းငယ်သာ သုံးစွဲဖို့ လိုပါတယ်။ ချွေတာစွာ သုံးစွဲနိုင်ပါတယ်။
  • ဆိုးကျိုးဖြစ်စေတဲ့ ဒြပ်ပစ္စည်းတွေ မပါဝင်တဲ့အတွက် လက်၊ပန်းကန်ခွက်ယောက် များနှင့် အခြားအသုံးပစ္စည်းတွေကို အန္တရာယ် မဖြစ်စေနိုင်ပါ။ စိတ်ချရပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါ။
  • အသုံးပြုပြီးသော ရေမြှုပ်တုံး၊ လက်နှီးစုတ်နှင့် ပန်းကန်ဆေးသော လက်ဆေးကန် ကိုဆီတွေနဲ့ စေးကပ်ကျန်မနေစေဘဲ အလွယ်တကူ ဆေးကြောသန့်စင်နိုင်ပါတယ်။
  • အညစ်အကြေးတွေကို ဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်းတွေပါဝင်သောကြောင့် ရေထုတ်ပိုက် တွင် ကပ်နေတတ်သောအဆီတွေကို ဖြိုခွဲပေးပြီး ရေပိုက်ပိတ်ဆို့မှု ပြဿနာကို လျော့ချပေးသည်။ သင့်မီးဖိုဆောင်နှင့် အိမ်ပတ်ဝန်းကျင်ကို အမြဲတမ်း သန့်ရှင်း စေပြီး ကျန်းမာရေး စံချိန်စံညွန်းတွေနဲ့ အမြဲတမ်း ညီညွတ်နေစေပါတယ်။
    1. ပုံမှန်သန့်ရှင်းရေး လုပ်ရာတွင် - 1း 10 ပုံစံဖြင့်
    2. မီးဖို၊ ဆီပေနေသော နေရာများ၊ အညစ်အကြေးများ - 1း 3 ပုံစံဖြင့်
    3. ကြမ်းတိုက်- 10-20 လီတာ ကို ဗူးဖုံး ၁ဖုံးစာ

    GoEco All-Purpose Cleaner ကို သန့်ရှင်းရေးလုပ်လိုသည့် နေရာတိုင်းတွင် အသုံးပြုနိုင်သည်။ အသုံးပြုနိုင်သည့်နေရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

    1. မီးဖိုချောင် ( အိုးခွက်ပန်းကန်များ၊ မီးဖို နှင့် ဆီငွေ့စုပ်စက်များ)
    2. အင်္ကျီ ( ကော်လာနှင့် လက်အ၀)
    3. လသာဆောင်၊ ကြမ်းတိုက်ခြင်း
    4. ရေချိုးခန်း၊ အိမ်သာ
    5. ဆိုဖာစ နှင့် ပရိဘောဂများ
    6. ပတင်းပေါက်နှင့် မှန်များ
    7. အိမ်သုံး လျှပ်စစ်ဆိုင်ရာပစ္စည်းများ
    8. ကား
    9. လက်ဝတ်ရတနာများ
    10. ရုံးအသုံးအဆောင်များ
  1. GoEco အိမ်သုံး သန့်စင်ပစ္စည်းသည် Bio-enzyme ဖော်မြူလာကို အသုံးပြုထား သောကြောင့် အင်ဇိုင်း၏ သက်ဝင်ထကြွမှုကို မပျက်ဆီးစေရန် ရေပူဖြင့်ဆေးကြော ခြင်းမပြုရ။
  2. အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်နှင့် တိုက်ရိုက်ထိတွေ့စေခြင်း နှင့် ကလေးများ အလွယ်တကူ ယူနိုင်သော နေရာများတွင် မထားရ။