
အဓိကပါဝင်ပစ္စည်း - ပျားမှရသော ပန်းဝတ်မှုန် 100%
အာနိသင်ထူးများ -
- အမီနိုအက်ဆစ်၊ ဗီတာမင် နှင့် သတ္တုဓါတ်စတဲ့ အာဟာရအမျိုးအစားကြီး သုံးမျိုးပါဝင်ပါတယ်။ ဗီတာမင် B အုပ်စု ကြွယ်ဝစွာ ပါဝင်ပြီး အခြားပန်းဝတ်မှုန်ထုတ်ကုန်တွေထက် အဆများစွာ ပါဝင်သည်။
- ပန်းဝတ်မှုန်တွင် အာဟာရဓါတ်များ ကြွယ်ဝစွာ ပါဝင်သည်။ “ပြီးပြည့်စုံသော သဘာဝအစားအစာ” ဖြစ်တဲ့အလျှောက် ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ပါတယ်။
- အဆင့်အတန်းအမြင့်ဆုံးဝတ်မှုန်ကိုသာ အထူးစီမံအသုံးပြုပြီး အဆင့်မြင့်နည်းပညာနဲ့ သေသေချာချာ သန့်စင်ပြီး ထုတ်လုပ်ထားပါတယ်။
- လုံးဝသန့်စင်ပြီး ရွှေရောင်အဆင်းရှိတဲ့အပြင် စွဲမက်ဖွယ်အရသာတို့နဲ့ ပြည့်စုံပါတယ်။ ခံတွင်း တွေ့စရာရနံ့နဲ့ နူးညံ့မှုကြောင့် လူကြီးလူငယ်မရွေး စားသုံးနိုင်ပါတယ်။
- အရည်အသွေးမြင့်ထုတ်ကုန် ဖြစ်တဲ့အတွက် အခြားပန်းဝတ်မှုန်တွေလို ညှီနံ့ရခြင်း နူးညံ့မှု မရှိခြင်းတွေ မရှိပါဘူး။
-
ဘာကြောင့် Yung Kien Pollen ရဲ့ ဘူးခွံ နဲ့ ပုလင်းမှာရှိတဲ့ ညွန်ကြားချက်တွေမှာ ပန်းဝတ်မှုန်က ဓါတ်မတည့်မှုတွေကို ဖြစ်စေနိုင်တယ်လို့ ရေးထားတာလဲ။
A:ဖြေ - ဘာကြောင့်လဲဆိုတော့ မလေးရှားအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ၀တ်မှုန်ပါသော ဓါတ်စာများတွင်( ဥပမာ - Royal Jelly ၊ Propolis စသဖြင့် ) သတ်မှတ်ထားသော ညွန်ကြားချက်အတိုင်း ထည့်သွင်းရေးသားရသည့် သတ်မှတ်ချက်ကို လိုက်နာ၍ ရေးသားထားခြင်းပင် ဖြစ်သည်။ -
ပန်းဝတ်မှုန်ကို စားသုံးခြင်းဖြင့် ၀တ်မှုန်ကြောင့်ဖြစ်သော ဓါတ်မတည့်မှုတွေ ဖြစ်နိုင်ပါ သလား။
A: ဖြေ - လေဖြင့်ဝတ်မှုန်ကူးသော ပန်းဝတ်မှုန်များတွင် ဓါတ်မတည့်မှု ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဆိုသော် လေဖြင့်ကူးသော ပန်းဝတ်မှုန်သည် သေးငယ်၍ ပေါ့ပါးသည်။ ၎င်းကို ရှူရှိက် မိလျှင် အသက်ရှူလမ်းကြောင်း၏ နံရံတွင်သွား၍ ကပ်နေမည်။ ထိုအခါ ဓါတ်မတည့်မှုကို ဖြစ်စေနိုင်သော antigen တွေဖြစ်ပေါ်လာပြီး ပန်းဝတ်မှုန်ကြောင့် ဖြစ်သော ဓါတ်မတည့်မှုရောဂါဖြစ်လာသည်။ စားသုံးသော ပန်းဝတ်မှုန်များသည် ပျားဖြင့်ကူးသော ပန်းဝတ်မှုန်ဖြစ်ပြီး လေးလံသည်။ ဒါ့အပြင် လူများသည် ပိုးကောင်များဖြင့် ကူးသော ၀တ်မှုန်များကြောင့် ဓါတ်မတည့်မှု မဖြစ်နိုင်ဘဲ ထိုဝတ်မှုန် များသည် လေဖြင့်ကူးသော ၀တ်မှုန်တို့ကြောင့် ဖြစ်လာမည့် ဓါတ်မတည့်မှုကိုလည်း ကာကွယ်ပေး နိုင်သည်။ ထို့ကြောင့် Yung Kien Pollen သည် ဓါတ်မတည့်မှုကို မဖြစ်စေနိုင်ပါ။ စိတ်ချလက်ချ စားသုံးနိုင် သည်။ -
ပန်းဝတ်မှုန်၊ ပျားရည် နှင့် Royal Jelly စသော အစားအစာ သုံးမျိုးတွင် ဘယ်အစားအစာ က အကောင်းဆုံး ဖြစ်ပါသလဲ။
A: ဖြေ - ပန်းဝတ်မှုန်သည် ပြီးပြည့်စုံသော အာဟာရရှိ အစားအစာဖြစ်သည်။ ပန်းဝတ်မှုန်တွင် ကြွယ်ဝသည့် အာဟာရဓါတ်များ ပါဝင်ပြီး ထိုအာဟာရဓါတ်များအားလုံးသည် လူ့ခန္ဓာကိုယ် ကလိုအပ်သော အာဟာရဓါတ်များနှင့် အနီးစပ်ဆုံး တူညီသည်။ ပျားရည်တွင် ကြွယ်ဝ သော သကြားဓါတ်များသာပါဝင်ပြီး အာဟာရဓါတ်များဖြစ်သည့် သတ္တုဓါတ်နှင့် ပရိုတင်းဓါတ် ပါဝင်မှု နည်းပါးသည်။ Royal Jelly တွင် ပရိုတင်းဓါတ်၊ သတ္တုဓါတ်၊ သကြားဓါတ်နှင့် အဆီဓါတ်တို့ ပါဝင်သော်လည်း ထိုအာဟာရဓါတ်များသည် လူခန္ဓာကိုယ် ကလိုအပ်သော အာဟာရဓါတ်နှင့် မကိုက်ညီပါ။ ထို့ကြောင့် ပန်းဝတ်မှုန်သည် ပျားရည် ၊ Royal Jelly တို့ထက်ပို၍ လူ့ခန္ဓာကိုယ်နှင့် သင့်တော်သည်။ -
ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ဗီတာမင်အများစုဟာ လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ သတ္တုဓါတ် နဲ့ ဗီတာမင်ဓါတ်တွေ ပါဝင်တယ်။ ပန်းဝတ်မှုန်နဲ့ နှိုင်းယှဉ်ရင် ဘယ်ဟာပိုကောင်းသလဲ။
A: ဖြေ - ဈေးကွက်ထဲမှာရောင်းထားတဲ့ ဗီတာမင်တွေဟာ လူကလုပ်တဲ့ ဗီတာမင်တွေ ဖြစ်တဲ့အတွက် လူ့ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူအသုံးချနိုင်ခြင်း မရှိပါဘူး။ တချို့ သိပ်မကောင်းတဲ့ ဗီတာမင်တွေဆိုရင် လူ့ခန္ဓာကိုယ်ကို ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်စေသလို ပြင်းထန်ရင် အဆိပ်တက်တဲ့ လက္ခဏာတွေပါ ဖြစ်နိုင်ပါတယ်။ ပန်းဝတ်မှုန်ဟာ သဘာဝ အစားအစာသာ ဖြစ်တဲ့အတွက် ဘေးဥပဒ်တွေ မဖြစ်စေနိုင်ပါဘူး။ နေ့စဉ်နေ့တိုင်း စားလို့ရ ပါတယ်။ ဘယ်လောက်စားရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိသလို ပန်းဝတ်မှုန်မှာ ပါဝင်တဲ့ ပြီးပြည့်စုံတဲ့ အာဟာရဓါတ်တွေကို လူ့ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူ အသုံးချနိုင်ပါတယ်။ -
ပန်းဝတ်မှုန်ကိုစားလျှင် ဘာတွေရှောင်ရမှာလဲ။
A: ဖြေ - ပန်းဝတ်မှုန်ကို စားပြီး ဘာမှရှောင်စရာ မလိုပါဘူး။ တိုက်ရိုက်စားနိုင်ပါတယ်။ (သို့) ရေနွေး၊ ဖျော်ရည်၊ နွားနို့တို့နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။ သတိထားရမဲ့ အချက်ကတော့ ပန်းဝတ်မှုန်ကို ပွက်ပွက်ဆူနေသော ရေတွင်ထည့်ခြင်း (သို့) ရေပူဖြင့် ဖျော်သောက်ခြင်း တွေ မလုပ်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမီနိုအက်ဆစ်နဲ့ အင်ဇိုင်းတို့ရဲ့ ဖျတ်လတ် တက်ကြွမှုကို ပျက်ဆီးစေလို့ပါ။ အဲဒါဆိုရင် သူ့ရဲ့အာနိသင်တွေ ပျောက်ပျက်သွားနိုင် ပါတယ်။