ကျန်းကျားကျေ့ဟာ နတ်ပြည်နဲ့တူတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက် ခရီးစဉ်မှာ အဖွဲ့သားများဟာ တောင်ခါးပန်းတွင်ရှိသော ပေါင်ဖုန်းအိုင် (Baofeng Lake)၊ လျှို့ဝှက်ဆန်းကျယ်တဲ့ ပန်ဒိုရာကမ္ဘာလို့ခေါ်တဲ့ ယွမ်ကျားကျေ့ (YuanJiaJie)၊ ကျန်းကျားကျေ့၏ ၀ိညာဉ်လို့ တင်စားခေါ်ဆိုသော ထျန်းမိန်တောင် (Tian Men Mountain) နှင့် “ထျန်းကျီတောင်ပေါ်က သဘာဝတောတောင်တွေရဲ့ အလှကို ကြည့်ရှု ခံစားပြီးရင် အခြားတောတောင်တွေရဲ့ အလှကို မကြည့်ချင်တော့ဘူး” ဆိုတဲ့ ဆိုရိုး စကားကို ပိုင်ဆိုင်ထားတဲ့ ထျန်းကျီတောင် (Tianzi Mountain) သို့ သွားရောက် လည်ပတ်ခဲ့သလို ဒေသအစားအစာတွေကိုလည်း တ၀ကြီးစားခဲ့ပြီး ထူလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သိရှိခံစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံလေးနိုင်ငံမှလာသော အဖွဲ့သားများဟာ ကုမ္ပဏီ၏စီစဉ်မှုဖြင့် ကျန်းကျားကျေ့ညကို ပျော်ရွှင်စွာ အတူတကွ ဖြတ်သန်းခဲ့ကြ ပါတယ်။ အဖွဲ့သားတို့ဟာ ဒေသလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုအကတွေကို ကြည့်ရှုခံစားရင်း စားကောင်း သောက်ဖွယ်များကို အတူတကွ စားသုံးခဲ့ကြပါတယ်။ အခု ကျွန်တော်တို့ လှပပြီး အဖိုးတန်တဲ့ အမှတ်တရမှတ်တမ်းလေးတွေကို ကြည့်ကြရအောင်။
2017 ခုနှစ် Double Crane မှ ထူးချွန်သော Vice Manager များ၏ နိုင်ငံရပ်ခြား နှီးနှောဖလှယ်ပွဲ
2017 ခုနှစ် Double Crane မှ ထူးချွန်သော Vice Manager များ၏ နိုင်ငံရပ်ခြား နှီးနှောဖလှယ်ပွဲ
2017 ခုနှစ် Double Crane မှ ထူးချွန်သော Vice Manager များ၏ နိုင်ငံရပ်ခြား နှီးနှောဖလှယ်ပွဲ