ဇီဝနည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန

သုတေသနဌာနအကြောင်း

စွမ်းဟော့အုပ်စု၏ အရည်အသွေးမြင့်ထုတ်ကုန်အားလုံးသည် ဇီဝနည်းပညာသုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ သုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်း၊ စစ်ဆေးခြင်းတွေ ပြုလုပ်ပြီးမှသာ စားသုံး သူများထံ ရောက်ရှိခြင်းဖြစ်သည့် အတွက်စိတ်ချရသည်။ စွမ်းဟော့အုပ်စု၏ ဇီဝနည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန ကိုဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ-

  1. ထုတ်ကုန်၏အာနိသင်နှင့် အရည်အသွေးကို ကောင်းမွန်စေရန်။
  2. လင်ဇီးမျိုးစိတ်နှင့် စမ်းသပ်စိုက်ပျိုးမှုကို သေချာစေရန်။
  3. ထုတ်ကုန်အရည်အသွေးကို အစဉ်တိုးတက်ဖွံ့ဖြိုးစေရန်။

စွမ်းဟော့အုပ်စု၏ ယုံကင်းစက်ရုံအတွင်းတွင်ရှိသော ဇီဝနည်းပညာသုတေသနဌာနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာန အတွင်းတွင် ထိုင်ဝမ်မှ ထိပ်တန်းပညာရှင်များဖြစ်သည့် အဆင့်မြင့်ဓါတု နည်းပညာနှင့် အစားအသောက်နှင့်ဆိုင်သော ဇီဝဓါတုနည်းပညာရှင်များရှိသည့်အပြင် အဆင့် အတန်းအမြင့်ဆုံး ကိရိယာများလည်း ရှိသည်။ ထိုင်ဝမ်မှ Microbiological Research Foundation နှင့် Taiwan National University, Taipei Medical University , Chung Shan Medical University , Providence University, National Taiwan Normal University, National Chung Hsing University and Food Industry Research & Development Institute, National Research Institute of Chinese Medicine စသည့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်နည်းပညာ ဖလှယ်လေ့ရှိပါသည်။ ထို့ကြောင့် နည်းပညာများနှင့် ဆန်းသစ်သော အချက်အလက်များကို သေသေချာချာ ဆုပ်ကိုင်ထား နိုင်သည့် ဇီဝနည်းပညာသုတေသနဌာနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ထိုင်ဝမ်တွင် အကောင်းဆုံးနှင့် ခေတ်အမီဆုံး သိပ္ပံဆိုင်ရာသုတေသနဖွံ့ဖြိုးရေးဌာနဖြစ်သည်။ တိုးတက်ကောင်းမွန်သော ခေတ်မီစက်ကြီး များအပါအ၀င် ဤသုတေသနဌာနတွင် လင်ဇီးမျိုးစိတ်ပြုစုပျိုးထောင်ခန်း၊ အရည်အသွေး စစ်ဆေးခန်းနှင့် သုတေသနပြုခန်းတို့ ပါဝင်သည်။

လင်ဇီးမျိုးစိတ်ပြုစုပျိုးထောင်ခန်း

အံ့ဖွယ်ကောင်းသော လင်ဇီးမျိုးစိတ်ပြုစုပျိုးထောင်ခန်း
လင်ဇီးမျိုးစိတ်ပြုစုပျိုးထောင်ခန်းနှင့် လင်ဇီးစမ်းသပ်စိုက်ပျိုးခန်းမှတဆင့် လင်ဇီးများကို သုတေသနပြုလုပ်ပြီးအမျိုးအစားကောင်းသည့် လင်ဇီးမျိုးစိတ်များကို ရွေးချယ်သည်။ ထို့နောက် လင်ဇီးစိုက်ခင်းသို့ ပို့ဆောင်စိုက်ပျိုးပြီး ယုံကင်းစက်ရုံအတွက် အကောင်းဆုံး ကုန်ကြမ်းများကို ထုတ်လုပ်သည်။ လင်ဇီးမျိုးစိတ်ပြုစုပျိုးထောင်ခန်းတွင် မျိုးစိတ်များကို ရောဂါပိုးကင်းရှင်းသော အခန်းတွင်းမျိုးဆက်ခြင်း၊ Optical Microscopes ၊ Dissection Microscopes၊ အရည်အငွေ့ များဖြင့် မျိုးစိတ်များကို မပျက်ဆီးစေရန် သိုလှောင်စောင့်ရှောက်ခန်း၊ အထုပ်တွင်း လင်ဇီးမျိုးဆက် ခြင်း (လွှစာမှုန့်များရောစပ်၍ ထည့်သွင်းထားသည့်အထုပ်) ၊ လေဖိအားမြင့်မြင့်ဖြင့် ပိုးသတ်ပြီး ပုလင်းအတွင်း မျိုးဆက်ခြင်း၊ အအေးခန်း၊ Mycelia သွားခြင်း နှင့် စမ်းသပ်စိုက်ခင်း တို့ရှိသည်။ ကျွမ်းကျင်ပညာရှင်များသည် အစောပိုင်းကတည်းက လင်ဇီးအမျိုးပေါင်း 50-60 ကျော်၏ ကြီးထွားမှုအခြေအနေနှင့် ပါဝင်ပစ္စည်းများ၏ သုတေသနပြုမှုများကိုလေ့လာခဲ့ကြသည်။

အရည်အသွေးစစ်ဆေးခန်း

စားသုံးသူများအတွက် စစ်ဆေးပေးသော “ အရည်အသွေးစစ်ဆေးခန်း”
စွမ်းဟော့မှ အရည်အသွေးမြင့်ထုတ်ကုန်များကို သန့်ရှင်းပြီး စိတ်ချရမှုရှိစေရန်နှင့် အာနိသင် ထက်မြက်မှုရှိစေရန်အတွက် ခေတ်မီသော စက်ကြီးများဖြင့် ကျွမ်းကျင်ပညာရှင်များက အရည်အသွေး စစ်ဆေးသည်။

အရည်အသွေးစစ်ဆေးခန်းတွင်းရှိ ခေတ်မီစက်ကိရိယာများမှာ- Auto Absorption Spectrophotometer, apparatus for High-Performance Liquid Chromatography, Photo-Diode Array Detector, Fourier-Transform Infrared (FT-IR) Spectrophotometer, apparatus for Gas Chromatography (GC). Dietary Fiber Tester , Nana-particle Detector တို့ဖြစ်သည်။

R & D အခန်း

လုပ်ငန်းကိုရေရှည်တည်တံ့ခိုင်မြဲစေသော “ R & D အခန်း”
R & D အခန်းရှိ ကျွမ်းကျင်သော သိပ္ပံနှင့်နည်းပညာရှင်များသည် ထုတ်ကုန်အရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် အဆက်မပြတ်လေ့လာသည်။ လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် ထုတ်ကုန်သစ်များကို ထုတ်လုပ်နိုင်ရန် အစဉ်သုတေသနပြုလျှက်ရှိသည်။

လင်ဇီး၏ အဆီအနှစ်ကို စမ်းသပ်ထုတ်လုပ်သော ကိရိယာများမှာ - equipments for extraction, vacuum concentration, granule production equipment, vacuum freezing, liquid culture, vacuum drying, high-speed grinding equipment, and Nano-particle Detector တို့ဖြစ်သည်။ ခေတ်မီဆန်းသစ်သော ကိရိယာများနှင့် ဇီဝနည်းပညာရှင်တို့၏ သုတေသနပြုမှုကြောင့် လင်ဇီးတွင် ပါဝင်သော အဆီအနှစ်များကို ပိုမိုထုတ်ယူနိုင်သည့်အပြင် ထိပ်တန်းမြင့်အရည်အသွေးရှိ လင်ဇီးကိုလည်း ထုတ်လုပ်နိုင်သည်။ တရုတ်နိုင်ငံ၏ သမိုင်းတွင် ထူးဆန်းသောအကျိုးအာနိသင်ရှိသည့် လင်ဇီး ၊ လင်ဇီးနှင့်ပတ်သက်သော ထုတ်ကုန်များသည် စွမ်းဟော့အုပ်စု၏ ကြိုးစားမှုနှင့် ဇီဝနည်းပညာတို့ဖြင့် ထုတ်လုပ်ထားသောကြောင့် ထိုင်ဝမ်နှင့် နိုင်ငံတကာဈေးကွက်တွင် ထွန်းလင်းတောက်ပနိုင်ခဲ့သည်။


Shuang HorDouble Crane 2025 © Copyright