နောက်သို့ ပုံနှိပ်သည်။

အဓိကပါဝင်ပစ္စည်း - Lutein ၊ Zeaxanthin ၊ Blackcurrant Extract ၊ သဘာဝ Astaxanthin Extract ၊ Bilberry Extract ၊ Wolfberry Extract ။

အာနိသင်ထူးများ

  • Lutein နှင့် Zeaxanthin – Marigold ပန်းပင်ကနေ အနှစ်ထုတ်ပြီး သန့်စင်ထားတဲ့ carotenoid တစ်မျိုးဖြစ်ပါတယ်။ Lutein ဆိုတာ carotenoid မှာတွေ့ရတဲ့ ဓာတုဒြပ်ပေါင်း (၇၀၀) လောက်ထဲက တစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ကြာပြုလုပ်ခဲ့တဲ့ သုတေသနပြုချက် များအရ Lutein နဲ့ Zeaxanthin ဟာ မျက်ကြည်လွှာနဲ့ မျက်လုံးတွင်းမှန်ဘီလူးခုံးတွေ အတွက် အရေးပါတဲ့ ဒြပ်ပစ္စည်းတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။
  • Blackcurrant Extract - သဘာဝ Polyphenol လေးမျိုးပါဝင်ပါတယ်။ အောက်ဆီဂျင်နဲ့ အလွယ်တကူ ဓါတ်ပြုပျက်ဆီးခြင်း မဖြစ်အောင် တားဆီးပေးနိုင်တဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပြီး အမြင်အာရုံက လိုအပ်တဲ့ အာဟာရ ဓါတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
  • သဘာဝ Astaxanthin Extract - ပင်လယ်ရေနက်ထဲက ရရှိတဲ့ silicate ရေညှိကနေ ထုတ်ယူထားပါတယ်။ အောက်ဆီဂျင်နဲ့ အလွယ်တကူ ဓါတ်မပြုအောင် တာဆီးပေးတဲ့ နေရာမှာ ဗီတာမင် E ထက် အဆ ၁၀၀၀ ပိုပြီး အစွမ်းထက်ပါတယ်။ ကွန်ပျူတာ ဖန်သားပြင် (သို့) သင်ပုန်းတွေကို နာရီပေါင်းများစွာ ကြည့်ရှူရလို့ မျက်စိညောင်းကိုက် နေသူ လူကြီးလူငယ်တွေအတွက် အဖိုးတန်ပစ္စည်းပါ။
  • Bilberry Extract – Anthocynine (၁၅) မျိုး မက ပါဝင်ပြီး အောက်ဆီဂျင်နဲ့ အလွယ်တကူ ဓါတ်မပြုအောင် တာဆီးပေးတဲ့ နေရာမှာ ဗီတာမင် E ထက် အဆ ၅၀ ပိုပြီး အစွမ်းထက် ပါတယ်။ မျက်လုံးကို စောင့်ရှောက်ဖို့အတွက် သဘာဝကပေးတဲ့ ကိုယ်ရံတော်ကြီးပေါ့။
  • Wolfberry Extract – Wolfberry မှာ Zexanthin , Betaine , ဗီတာမင် B1 နဲ့ B2 ၊ nicotinic acid ၊ ကယ်လ်ဆီယမ် နှင့်သံဓါတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တရုတ်ရိုးရာ ဆေးဖက်ဝင်စာအုပ်ဖြစ်တဲ့《စိန်နုံပရဆေးကျမ်း》ရဲ့ တွေ့ရှိချက်အရ wolfberry ဟာ ကျောက်ကပ်ကို အားကောင်းစေပြီး အဆုတ်ကို လိုအပ်တဲ့ အစိုဓါတ်တွေ ပေးပါတယ်။ အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။
  • လင်ဇီး - ရှေးနှစ်ပေါင်းများစွာကတည်းက လင်ဇီးဟာ “အမြင်အာရုံကို ကြည်လင်စေခြင်း၊ စိတ်အာရုံ ကြည်လင်စေခြင်း၊ အင်အားတိုးစေခြင်း၊ အသည်းစွမ်းရည်ကို တိုးမြင့်ပေးခြင်း၊ ဦးနှောက်ကြည်လင်စေခြင်း” စသော အကျိုးကျေးဇူးများရှိသည်။
  • အခြား အောက်ဆီဂျင်နဲ့ အလွယ်တကူ ဓါတ်မပြုတဲ့ အာဟာရဓါတ်တွေကတော့ ß-carotene ၊ ဗီတာမင် A ၊ ဗီတာမင်C ၊ ဗီတာမင်E ၊ ဗီတာမင်B1 ၊ ဗီတာမင် B2 ၊ ဇင့် nicotinic နှင့် selenium တို့ဖြစ်ပါသည်။
  1. Yung Kien Eye+ သောက်ပြီးနောက် တုန့်ပြန်မှုတွေ ဖြစ်နိုင်ပါသလား။ ဘယ်လိုတုန့်ပြန်မှု တွေလဲ။
    ဖြေ - လူတစ်ဦးခြင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ်မူတည်ပြီး ပြောင်းလဲမှုရှိသည်။ အချို့ လူများသည် သက်သာလာသလို ခံစားရပြီး အချို့လူများမှာ အိပ်ငိုက်ခြင်း၊ မျက်ချေးများ ထွက်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ ယားခြင်း(သို့) တစ်ခါတစ်ရံတွင် အမြင်အာရုံေ၀၀ါးလာ ခြင်း တို့ဖြစ်တတ်သည်။ ဒါတွေအာလုံးဟာ ကောင်းသောတုန့်ပြန်မှု တွေပါ။ အချိန်တစ်ခု အထိ စားပြီးသွားလျှင် အထက်ပါခံစားရမှုများ ပျောက်ကွယ်သွားမည် ဖြစ်သည်။

  2. Yung Kien Eye+ သောက်ပြီးနောက် မျက်ချေးအများအပြားထွက်လာခြင်းဟာ ပုံမှန်ဟုတ်ပါသလား။
    ဖြေ - ပုံမှန်ဟုတ်ပါတယ်။ Yung Kien Eye+ မှာပါတဲ့ Lutein ဓါတ်ကို သုတေသန ပြုထားချက်တွေအရ စားသုံးပြီးလျှင် မျက်ချေးများ ထွက်တတ်ပြီး အချို့လူများသည် မျက်လုံးမို့အစ်နေသလို ခံစားရပါတယ်။ ဒါတွေအာလုံးဟာ ပုံမှန်ဖြစ်နေကျပါ။ အချိန် တစ်ခုအထိ စားပြီးသွားလျှင် ကောင်းသွားမည် ဖြစ်သည်။

  3. Yung Kien Eye+ ကို ဘယ်နှစ်ဘူးသောက်မှ အာနိသင်ထိရောက်မှု ရှိမှာလဲ။
    ဖြေ - လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ခံစားရတဲ့ဝေဒနာအလိုက် ကွဲပြားမှု တွေရှိနိုင်ပါတယ်။ စားသုံးပြီး နေ့ရက်အနည်းငယ်မှ ရက်သတ္တပတ် အနည်းငယ်အတွင်း သိသိသာသာ တိုးတက်ကောင်းမွန်နိုင်သည်။

  4. အမြင်အာရုံကောင်းနေတဲ့ လူတွေကော Yung Kien Eye+ စားဖို့ လိုပါသလား။
    ဖြေ - ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ကျွန်ုပ်တို့မျက်လုံးကို ကြိုတင် ကာကွယ်ခြင်းက အရေးကြီးပါတယ်။ Yung Kien Eye+ ထဲမှာ မျက်လုံးကို အာဟာရ ဖြည့်ပေးတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ကြိုတင်စားပြီး ကာကွယ်ထားတော့ ပိုကောင်း တာပေါ့။

  5. Yung Kien Eye+ ကို ဘယ်အသက်အရွယ်ကလူတွေ သောက်သင့်တာလဲ။
    ဖြေ - “ Yung Kien Eye+” ဟာစားသောက်ကုန်သာဖြစ်ပါတယ်။ လူတိုင်းသောက်လို့ရ ပါတယ်။ ကလေးငယ် နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်သတ်လွတ်စားသူများ နှင့် ဆီးချိုရောဂါရှိသူများ စားသုံးလို့ ရပါတယ်။ အောက်ပါလူများ ပိုပြီးသောက်သင့်ပါတယ်။ (က) အချိန်ကြာမြင့်စွာ စာဖတ်တတ်သူများ(သို့) တီဗီကြည့်တတ်သူများ (ခ) ကွန်ပြူတာ ကိုအချိန်ကြာမြင့်စွာ သုံးရသူများ (ဂ) ရုံးအလုပ်လုပ်သူများ၊ စာရင်းလုပ်ရသူများ၊ အလုပ်များသူများ နှင့် စာမေးပွဲဖြေရမည့်သူများ (ဃ) နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ နေရသူများ (င) ကားမောင်းသူများ (သို့) မျက်လုံးအသုံးများသူများ (စ) အချိုစာများ၊ ဆီကြော်စာများ၊ အသားအစားများသူများ (ဆ) မျက်လုံးအတွက် လိုအပ်တဲ့ အာဟာရအကြောင်းကို နားလည်းပြီး မျက်ကြည်လွှာကို အာဟာရဖြည့်ချင်သူများ (ဇ) မျက်လုံးခွဲစိတ်ဖူးသူ နှင့် မျက်ကပ်မှန် အတတ်များသူများ။

  6. ပုံမှန်သောက်သင့်တာက တစ်ရက် 3 လုံးဆိုတော့ ပိုသောက်ရင်ကော ကောင်းကျိုးတွေ ရှိနိုင်သလား။
    ဖြေ - တစ်ရက်ကို 3လုံးဆိုတာ သာမန်ဓါတ်စာအနေနဲ့ သုံးတာပါ။ အကယ်၍ မျက်လုံးနှင့် ပတ်သက်သော ရောဂါများဖြစ်လျှင် ( အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း၊ မျက်လုံးအာရုံကြော နှင့်ပတ်သက်သောရောဂါ၊ ရေတိမ်၊ အတွင်းတိမ်၊ ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါ၊ မျက်လုံးသက်တောင့်သက်သာမရှိခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဖြစ်သော မျက်စိရောဂါများ နှင့် မျက်စိကာလာဘလိုင်းဖြစ်ခြင်း ) မျက်လုံးကို လိုအပ်သော အာဟာရ များ ဖြည့်တင်းပေးနိင်သည်။ မျက်လုံးကို နောက်တစ်ဆင့်ထပ်ပြီး ပျက်ဆီးခြင်းမရှိအောင် မျက်လုံး၏ အင်ဒီအောက်ဆီးဒင့်ခံနိုင်စွမ်းကို မြင့်တင်ပေးသည်။ ထို့ကြောင့် Yung Kien Eye+ ကိုသောက်ပြီး မျက်လုံးကလိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးခြင်းဖြင့် မျက်လုံး ကိုကာကွယ်သင့်ပါတယ်။ အကယ်၍ မျက်စိမှုန်ခြင်း၊ ရောင်ခြည်လွဲချော်ခြင်းတို့ဖြစ်လျှင် မျက်စိဆရာဝန်နှင့် ပြသပြီး မျက်မှန်တတ်သင့်သည်။ ဒါမှသာ မှန်ကန်သော အမြင်အာရုံကို ရရှိနိုင်မည်ဖြစ်သည်။ မျက်စိမှုန်နေသည်ကို ကောင်းကောင်းဂရုမစိုက်ဘဲ အဝေးမှုန်ခြင်း (>600ဒီဂရီ ) အထိဖြစ်သွားပြီး အသက်အရွယ်ကြီးလာလျှင် အဝေးမှုန်ခြင်းနှင့်ပတ်သက် သော နောက်ဆက်တွဲရောဂါများကို ခံစားရနိုင်သည်။ ထိုနောက်ဆက်တွဲရောဂါများတွင် မျက်စိရေတိမ်ဖြစ်ခြင်း၊ အတွင်းတိမ်ခြင်း၊ မျက်ကြည်လွာနှင့် ပတ်သက်သောရောဂါ၊ မျက်စိ အာရုံကြောနှင့် ပတ်သက်သောရောဂါများ ဖြစ်နိုင်သည်။ အကယ်၍ နေ့စဉ် လိုအပ်သော အာဟာရများကို ဖြည့်တင်းထားလျှင် မျက်လုံး၏ အင်ဒီအောက်ဆီးဒင့် ခံနိုင်စွမ်းကို မြင့်တင်ပေးနိုင်ပြီး မျက်လုံးကို အကောင်းဆုံး ကာကွယ်ပေးနိုင်သည်။

  7. Yung Kien Eye+ ကမျက်လုံးနဲ့ပတ်သက်တဲ့ ဘယ်လိုရောဂါတွေမှာ အာနိသင်ထိရောက် မှုရှိသလဲ။
    ဖြေ - အနီးမှုန်ခြင်း၊ ရေတိမ်ခြင်း၊ အတွင်းတိမ်ခြင်း၊ ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါ၊ မျက်ကြည်လွှာနှင့်ပတ်သက်သောရောဂါ၊ အဝေးမှုန်ခြင်းကြောင့်ဖြစ်သော မျက်စိ အာရုံကြောနှင့် ပတ်သက်သောရောဂါ၊ မျက်လုံးခွဲစိပ်ပြီးနောက် သက်တောင့်သက်သာ မရှိခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဖြစ်သော မျက်စိရောဂါများ နှင့် မျက်စိကာလာဘလိုင်းဖြစ်ခြင်းတို့အတွက် သင့်လျော်သည်။

  8. Yung Kien Eye+ သောက်ပြီးနောက် မျက်လုံးရဲ့ဒီဂရီက ဆက်မတက်တော့ဘဲ လျော့သွားနိုင်သလား။
    ဖြေ - မျက်လုံးကလိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်ပေးပြီး မှန်ကန်တဲ့အလေ့အကျင့် (မျက်လုံးကို သင့်တော်သလို အနားပေးပြီး လေ့ကျင့်ခန်းနဲ့ နှိပ်နယ်မှုတွေ )ရှိရပါမယ်။ ဒီလိုသာ လုပ်မယ်ဆိုရင် မျက်လုံးရဲ့ ဒီဂရီက ဆက်တက်ဖို့ မလွယ်တော့ပါဘူး။ မျက်စိမှုန် ရခြင်းကလည်း မျက်လုံးရဲ့ axial ရဲ့အကွာအဝေးတိုးသွားလို့ပါ။ အကယ်၍ မျက်စိမှုန် နေတဲ့ ဒီဂရီတိုးပြီး axial ရဲ့ အကွာအဝေး ပိုတိုးသွားမယ်ဆိုရင် မျက်ကြည်လွှာက ကောင်းကောင်းကပ်မနေတော့ဘဲ မျက်လုံးအာရုံကြောတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာပြီး မျက်စိကို ပိုမိုထိခိုက်ပျက်ဆီးစေနိုင်ပါသည်။