
အဓိကပါဝင်ပစ္စည်း - Hydrolyzed Collagen ၊ Lemon Verbena ၊ Isomalt ၊ Inulin ၊ Sucralose နှင့် Tricalcium Phosphate ။
အာနိသင်ထူးများ
- ဇီဝနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ သဘာဝကျန်းမာရေးဓါတ်စာ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်သော Collagen ခန်းခြောက်မှုကို ပြန်လည်ဖြည့် တင်းပေးနိုင်ပြီး အရိုးအဆစ် တစ်ခုနဲ့တစ်ခု ဆက်စပ်ပေးတဲ့ အရွတ်ဆဲလ်တွေကို အသစ်ပြန်လည်ပြုပြင် ထုတ်လုပ်ပေးနိုင်တဲ့အပြင် အရိုးတွေကို အားကောင်းသန်မာစေ ပါတယ်။ ရောင်ရမ်းခြင်းနှင့် လှုပ်ရှားမှုကြောင့်ဖြစ်သော အဆစ်အမြစ်ကိုက်ခဲခြင်းကို သက်သာစေပြီး အဆစ်အမြစ်များကို ကျန်းမာစေပါတယ်။
- Hydrolyzed Collagen ဟာ သေးငယ်တဲ့မော်လီကျူးလေး ဖြစ်တာကြောင့် အရေပြား တစ်ရှူးတွေကို တိုက်ရိုက်ပြုပြင်ပေးနိုင်ပါတယ်။ အရေပြားကို တင်းရင်းဝင်းပစိုပြေစေပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။
- Lemon Verbena လို့ခေါ်တဲ့ သံပုရာရနံ့ရှိတဲ့ သဘာဝအပင်ဟာ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အဆိပ်အတောက်ရှင်းခြင်း၊ အပူငြိမ်းစေခြင်း၊ ဆီးကောင်းစေခြင်း၊ အစာဖြေဖျက်မှုအားကောင်းစေခြင်း နှင့် အသည်း၏လုပ်ဆောင်ချက်များကို တိုးမြင့်ပေး ခြင်း စသောအကျိုးကျေးဇူးတွေလည်း ရှိပါတယ်။
- နှလုံးကိုအားကောင်းစေပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- စံပယ်ပန်းကို ထည့်သွင်းထားတဲ့အတွက် စွဲမက်ဖွယ်အရသာတွေနဲ့ ပြည့်စုံပါတယ်။ ကာဗွန်ဂက်စ်မပါသော အပူ/အအေးအချိုရည်များနှင့် တွဲဖက်၍ သောက်သုံးနိုင်ပါသည်။
-
ကော်လီဂျင်ဓါတ်ဆိုတာ ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပါတယ်။ VitaKing ထဲမှာ Hydrolyzed ကော်လီဂျင် ပါတဲ့အတွက်ကြောင့် VitaKing ကိုသောက်ရင် ကျောက်ကပ်မှာ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်စေနိုင်သလား။
ဖြေ - မဖြစ်နိုင်ပါဘူး။ VitaKing မှာပါတဲ့ ပရိုတင်းဓါတ်ဟာ Hydrolyzed ကော်လီဂျင် ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူအသုံးချနိုင်ပါတယ်။ ထို့ကြောင့် ကျောက်ကပ်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေနိုင်ပါဘူး။ -
၁၂ နှစ်အောက် ကလေးငယ်များ VitaKing ကိုသောက်လို့ရပါသလား။
ဖြေ - ရပါတယ်။ သာမန်အားဖြင့် ၁၂ နှစ်အောက် ကလေးငယ်များဟာ သောက်သုံးဖို့ မလိုသေးပါဘူး။ သူတို့ဟာ ငယ်ရွယ်သေးတဲ့အတွက် ခန္ဓာကိုယ်က ကော်လီဂျင်ဓါတ် အများအပြားကို ထုတ်လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အမြဲတမ်း နှာခေါင်းသွေးယိုတတ်တဲ့ ကလေးငယ်လေးတွေ (သို့) နှာခေါင်းအမြှေးပါး ပျက်ဆီးနေလျှင် တစ်ရက်တစ်ထုပ် သောက်လို့ ရသည်။ -
ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် နို့တိုက်ကျွေးနေသော ကလေးငယ်လေးများ VitaKing သောက်လို့ရပါသလား။
ဖြေ - ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် နို့တိုက်ကျွေးနေသော ကလေးငယ်လေးများ VitaKing တစ်ရက်တစ်ထုပ် သောက်လို့ရသည်။ -
အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း မရှိလျှင် VitaKing သောက်လို့ရပါသလား။
ဖြေ - ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းလို့ပါ။ ကျွန်ုပ်တို့ဟာ နေ့စဉ်နေ့တိုင်း တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်အမြစ်တွေနဲ့ ဆဲလ်အဖွဲ့အစည်း တွေကို အသုံးပြုနေရပါတယ်။ VitaKing ကိုသောက်ခြင်းအားဖြင့် အဆစ်အမြစ်နဲ့ ဆဲလ် အဖွဲ့အစည်းတွေကို လုံလောက်တဲ့ ကော်လီဂျင်ဓါတ်တွေ ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါမှသာ ပျက်ဆီးနေတဲ့ ဆက်စပ်တစ်ရှူးတွေကို ပြန်လည်ပြုပြင်နိုင်မှာ။ -
အသားအရေလှပအောင် VitaKing က ဘယ်လိုလုပ်ဆောင်ပါသလဲ။
ဖြေ - Hydrolyzed ကော်လီဂျင်ဟာ အရေပြားကို ထုတ်လုပ်တဲ့ အဓိကကုန်ကြမ်းဖြစ်ပြီး လုံလောက်တဲ့ကုန်ကြမ်း ရှိမှသာ ကျန်းမာတဲ့အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် VitaKing တွင် Lemon Verbena ပါတဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာ စေပြီး အသားအရေကို နုပျိုစေတဲ့ အာနိသင်ရှိပါတယ်။ -
Lemon Verbena ဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဆေးဖက်ဝင်သဘာဝအပင် ဖြစ်တဲ့အတွက် အဆစ်အမြစ်ရောင်ရမ်းခြင်းအပေါ်မှာပဲ အာနိသင်ထိရောက်မှုတာလား။ အခြားရောင်ရမ်းခြင်းနဲ့ အာသီးရောင်ခြင်းတွေ အပေါ်မှာလည်း အာနိသင်ထိရောက်မှု ရှိနိုင်ပါသလား။
ဖြေ - အာနိသင်ထိရောက်မှု ရှိပါတယ်။ Lemon Verbena ဟာ အဆစ်အမြစ် ရောင်ရမ်းခြင်းအပေါ်မှာပဲ အာနိသင် ထိရောက်မှုရှိတာ မဟုတ်ပါဘူး ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းခြင်းတွေ အပေါ်မှာလည်း အာနိသင်ထိရောက်မှု ရှိပါတယ်။ -
VitaKing မှာ ချိုတဲ့အရသာ ရှိတဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်လို့ရပါသလား။
ဖြေ - ရပါတယ်။ သွေးတွင်းသကြားဓါတ် အပေါ်မှာ သက်ရောက်မှု မရှိစေတဲ့အတွက် ဆီးချိုရောဂါရှိသူတွေ VitaKing သောက်လို့ရပါတယ်။ -
VitaKing သောက်ပြီးနောက် ကောင်းသောတုန့်ပြန်မှုတွေကို ခံစားရပါသလား။
ဖြေ - အချို့လူတွေက အဆစ်အမြစ်တွေ ကျင်တာ၊ ယားတာ (သို့) နာနေတယ်လို့ ခံစားရပါတယ်။ အချို့လူတွေကျတော့ အဆစ်အမြစ်တွေ အားမရှိတော့သလို ခံစားရ ပါတယ်။ ဒီလိုကောင်းတဲ့တုန့်ပြန်မှုတွေဖြစ်တာ ပုံမှန်ပါ။ ဘာလို့လဲဆိုတော့ သက်ဆိုင်တဲ့ နေရာတွေမှာ ပြုပြင်ခြင်းတွေ ပြုလုပ်နေလို့ပါ။ အချိန်တခုအထိ သောက်ပြီးသွားလျှင် နာကျင်ခြင်းတွေကို ခံစားရမှာ မဟုတ်တော့ပါဘူး။ -
VitaKing ကိုသောက်ပြီးနောက်မှာ ဘာလို့ပူနေတယ်လို့ ခံစားရသလဲ။ ဘာကြောင့်လဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျန်းမာရေးဓါတ်စာတွေကို စားသုံးတယ်ဆိုရင် ရေများများ သောက်ပေး ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှိမှသာ ကျန်းမာရေး ဓါတ်စာတွေ အားလုံးက သူတို့ရဲ့အာနိသင်တွေကို အပြည့်အ၀ ပြနိုင်မှာဖြစ်လို့ပါ။ VitaKing ကလည်း အဆစ်အမြစ်တွေကို ပြုပြင်တဲ့နေရာမှာ ရေဓါတ်တွေ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် အချို့လူတွေက ပူနေတယ်လို့ ခံစားရတာပါ။ ရေများများသောက်ရင်ကို ရပါပြီ။ -
Glucosamine နှင့် VitaKing တို့ရဲ့ ကွဲပြားခြားနားချက်က ဘာလဲ။
ဖြေ - ၎င်းတို့ဟာ အရိုးနုရဲ့ အဓိကပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ Glucosamine ကို ဘိလပ်မြေလို့ တင်စားမယ်ဆိုရင် VitaKing မှာပါတဲ့ ကော်လီဂျင်ဓါတ်ကို အုတ်ခဲလို့ တင်စားလို့ ရပါတယ်။ ဒီနှစ်မျိုးစလုံးဟာ အဆောက်အဦးဆောက်ရာမှာ အဓိကလိုအပ်တဲ့ ကုန်ကြမ်းတွေ ဖြစ်ပါတယ်။ VitaKing မှာပါတဲ့ Hydrolyzed ကော်လီဂျင်က အရိုးနုတစ်ရှူးမှာ လိုအပ်တဲ့ အဓိကကုန်ကြမ်း တွေကို တိုက်ရိုက်ပေးနိုင်သလို အရိုးနုတစ်ရှူး တွေကိုလည်း အသစ်ပြန်လည် ထုတ်လုပ်ပေး နိုင်ပါတယ်။ -
VitaKing ကို ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံးလဲ။
ဖြေ - ထမင်းမစားမီ (သို့) စားပြီး ၊ အစာမရှိခင် သောက်လျှင် ခန္ဓာကိုယ်က ပို၍ လွယ်ကူစွာ စုပ်ယူနိုင်သည်။ -
VitaKing မှာဘေးထွက်ဆိုးကျိုးတွေ ရှိပါသလား။
ဖြေ - မရှိပါ။ ဘာကြောင့်လဲဆိုတော့ VitaKing ဟာ အစားအစာ တစ်မျိုးပါ။ ဘေးထွက်ဆိုးကျိုးတွေ မရှိနိုင်ပါဘူး။ အားလုံးက အသိအမှတ်ပြုတဲ့ စိတ်ချရတဲ့ အစားအသောက်ပါ။ -
အခုလက်ရှိအချိန်မှာ အနောက်တိုင်းဆေးတွေ သောက်နေရပါတယ်။ VitaKing ကို သောက်လျှင် ထိခိုက်မှုတွေ ရှိနိုင်ပါသလား။
ဖြေ - မရှိနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ VitaKing ဟာ အစားအစာ တစ်မျိုးပါ။ ဘေးထွက်ဆိုးကျိုးတွေ မရှိနိုင်ပါဘူး။ အားလုံးက အသိအမှတ်ပြုတဲ့ စိတ်ချရတဲ့ အစားအသောက်ပါ။ ထိခိုက်မှုတွေ မရှိနိုင်ပါ။