နောက်သို့ ပုံနှိပ်သည်။

ပါဝင်ပစ္စည်းများ - Bifidobacterium Lactics , Bifidobacterium Longum , Isomalt , Craneberry အမှုန့် ၊ Raspberry အမှုန့် နှင့် Blueberry အမှုန့် ။

အာနိသင်ထူးများ

  • Bifidobacterium Lactis - ဖိုင်ဘာအမျှင်တွေနဲ့ ခြေဖျက်ရခက်တဲ့ Oligosaccharides တွေကို ခြေဖျက်ပေးနိုင်တဲ့ အစွမ်းရှိပြီး အစာအိမ်အူလမ်းကြောင်းရဲ့ လိုအပ်တဲ့ အက်ဆစ်ဓါတ်ကိုလည်းထုတ်ပေးပါတယ်။ ဆိုးကျိုးပေးဘက်တီးရီးယားတွေ မရှင်သန် မကြီးထွားနိုင်အောင် တိုက်ခိုက်ပေးပါတယ်။ နို့ထွက်ပစ္စည်းတွေကိုလည်း စုပ်ယူ အသုံးချနိုင်တဲ့ အဆင့်ထိရောက်အောင် ဖြိုခွဲပေးတယ်။
  • Bifidobacterium Longum - အစာအိမ်အူလမ်းကြောင်းရဲ့ အကျိုးပြု ဘက်တီးရီးယား အုပ်စုတွေကို ချိန်ခွင်လျှာညှိပေးပါတယ်။ Pathogenic ဘက်တီးရီးယား တွေ ကြီးထွားခြင်း မရှိအောင် ဟန့်တားပေးနိုင်တဲ့အတွက် ၀မ်းချုပ်ခြင်းနဲ့ ၀မ်းကိုက်ခြင်း မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ Bifidobacterium Longum ဟာ အူမကြီးမှာ ရှင်သန်နေထိုင်ပြီး ဗီတာမင် B အုပ်စုနဲ့ အစာခြေခြင်းကို အကူအညီပေးတဲ့ အခြား အင်ဇိုင်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ပဋိဇီဝဆေး (သို့) အစားမှားခြင်းကြောင့် ဖြစ်သော ၀မ်းလျှောခြင်းကို ကာကွယ်တားဆီး ပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓာပြင်ပကလာတဲ့ ရောဂါပိုးတွေကို တားဆီးပေးနိုင်ပြီး ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းရဲ့ ခုခံအားစနစ်နဲ့ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်တားဆီး ပေးနိုင်ပါတယ်။
  • Isomalt – သကြားမဟုတ်တဲ့ အချိုဓါတ်ပါတဲ့ ပစ္စည်းဖြစ်ပြီး ကယ်လိုရီမရှိပါဘူး။ ဆီးချို ရောဂါရှိသူများ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။ အူတွင်းလှုပ်ရှားမှုကို လှုံ့ဆော်ပေးပြီး မစင်တွေကို ပျော့ပျောင်းစေတဲ့အတွက် ၀မ်းချုပ်ခြင်း မဖြစ်စေပါ။ အကျိုးပြု ဘက်တီးရီးယားတွေ ပွားများကြီးထွားစေတဲ့အတွက် အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
  • Craneberry အမှုန့် - Craneberry မှာပါတဲ့ anthocyanindin ဓါတ်ဟာ ဆီးလမ်းကြောင်း မှာရှိတဲ့ အီကိုလိုင်း (E-coli) ရောဂါပိုးကို သုတ်သင်ချေမှုန်းနိုင်ပါတယ်။ ဆီးလမ်းကြောင်း မှာဖြစ်တဲ့ ရောဂါတွေရဲ့ 80% ~ 90% ဟာ အီကိုလိုင်းရောဂါပိုးကြောင့် ဖြစ်ပါတယ်။ Craneberry မှာရှိတဲ့ အာနိသင်ထူးတွေဟာ အီကိုလိုင်းရောဂါပိုး ကူးစက်ခြင်း မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
  • Raspberry အမှုန့် - ၀မ်းချုပ်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • Blueberry အမှုန့် - အိုမင်းရင့်ရော်မှုကို ကာကွယ်တာဆီးပေးတဲ့ သဘာဝဖြည့်စွက်စာ ဖြစ်ပါတယ်။ Free Radical တွေကို ဖယ်ရှားပေးနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်တွေကို မှန်ကန်စေ ပါတယ်။