
အဓိကပါဝင်ပစ္စည်း - အရည်အသွေးအမြင့်ဆုံးကော်ဖီစေ့၊ အပင်ထွက်နို့မှုန့် ၊ ယုံကင်းလင်ဇီး။
အာနိသင်ထူးများ
- အရည်အသွေးအမြင့်ဆုံးကော်ဖီစေ့ကိုသာ အသုံးပြုထားပြီး ယုံကင်းလင်ဇီးကိုလည်း ထည့်သွင်းထားပါတယ်။ လင်ဇီးရဲ့အခါးဓါတ်နဲ့ ကော်ဖီစေ့ရဲ့ အခါးဓါတ်ကို စွဲမက်ဖွယ် ဖြစ်အောင် ပေါင်းစပ်ပေးထားပါတယ်။
- အပင်ထွက်နို့မှုန့်ကို အုန်းသီးကနေ ထုတ်လုပ်ထားပါတယ်။ ဆိုးကျိုးဖြစ်စေတဲ့ အဆီဓါတ်များ ပါဝင်ခြင်းမရှိပါ။
- ကြာရှည်ခံအောင် အသုံးပြုတဲ့ ဓါတုပစ္စည်းတွေ၊ သဘာဝမဟုတ်တဲ့ အနံ့နဲ့ အရသာတုတွေ ကို ထည့်သွင်းထားခြင်း မရှိပါ။ မူလသဘာဝအရသာနဲ့ မွှေးရနံ့စစ်စစ်ကို ပေးနိုင်ပါသည်။
- သကြားမပါသော အရသာ။
-
ကဖိန်းဓါတ်ဆိုတာဘာလဲ။
ဖြေ - ကော်ဖီထဲတွင် ကဖိန်းဓါတ်၊ Theophylline ၊ Theobromine စသော ဇီဝတက်ကြွဒြပ်ပေါင်း များစွာ ပါဝင်သည်။ ထိုအထဲတွင် ကဖိန်းဓါတ်သည် လူပြောအများဆုံးဖြစ်သည်။ လက်ဖက်၊ ချောကလက်နှင့် ကိုလာတို့တွင်လည်း ကဖိန်းဓါတ်ကို တွေ့နိုင်သည်။ ကဖိန်းဓါတ်ကို အစာချေရည် ကအစာချေဖျက်ပြီးနောက် သွေးကြောမှတဆင့် ဦးနှောက်သို့ ပို့ဆောင်ပေးပြီး အာရုံကြော၏ လှုပ်ရှားမှုကို အကျိုးသက်ရောက်မှု ရှိစေသည်။ ထို့ကြောင့် ကဖိန်းဓါတ်သည် ဗဟိုအာရုံကြောစနစ် ကို လှုံ့ဆော်ပေးနိုင်သည်။ ကဖိန်းဓါတ်သည် Sympathetic Nerve ကို တက်ကြွစေပြီး စိတ်အာရုံ နိုးကြားတက်ကြွမှုကို ရရှိစေခြင်း၊ စိတ်အာရုံစူးစိုက်မှုကို တိုးတက်စေခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေခြင်း၊ အိပ်ချင်စိတ်ကို ပြေပျောက်စေခြင်း နှင့် ခေါင်းကိုက်ခြင်းကို သက်သာစေ ပါသည်။ ဒါ့အပြင် ကဖိန်းဓါတ်သည် သွေးလည်ပတ်မှုကိုကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း နွေးထွေးစေပါသည်။ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ကောင်းစေသည့်အတွက် ဆီး သွားရလွယ်ကူစေသည်။ အစာခြေစနစ်ကိုလည်း အားပေးကူညီသည်။ ထို့ကြောင့် လိုသည်ထက် ပို၍ ကဖိန်းဓါတ်ကိုမစားလျှင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ကဖိန်းဓါတ်မှ ကောင်းကျိုးများကို ရရှိနိုင်သည်။ -
“ခန္ဓာကိုယ်အတွက် အကျိုးမပြုသောအဆီ”တွေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ။
ဖြေ - အပင်မှရသောအဆီများကို အပူဒဏ်ပိုမိုခံနိုင်စေရန်၊ မပျက်ဆီးစေရန်၊ တာရှည်အထားခံ စေရန်အတွက် လုပ်ငန်းရှင်အများစုသည် Hydrogenation ကိုအသုံးပြုကြသည်။ ထို့ကြောင့် အဆီ၏မော်လီကျူးဖွဲ့စည်းပုံသည် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွက်အကျိုးမပြုသော အဆီများ ဖြစ်ပေါ်လာသည်။ ထိုအဆီများကို ကျွန်ုပ်တို့ခန္ဓာကိုယ်က အလွယ်တကူ ဖြိုခွဲနိုင်ခြင်း မရှိသဖြင့် ခန္ဓာကိုယ်တွင်းတွင် ကိန်းအောင်းနေမည်ဖြစ်ပြီး အချိန်ရှည်ကြာစွာ စားသုံးလျှင် နှလုံးသွေးကြော ပိတ်ရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွက် အကျိုးမပြုသောအဆီသည် “မကောင်းသော” ကိုလက်စထရောကို မြင့်တက် စေပြီး “ကောင်းသော” ကိုလက်စထရောကို လျှော့ကျစေသည်။ -
ကော်ဖီသောက်ခြင်းကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သလား။
ဖြေ - အချို့လူများသည် ကော်ဖီသောက်ခြင်းကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သည်ဟူသော အယူအဆများ ရှိကြသည်။ သုတေသနပြုချက်များအရ ကဖိန်းဓါတ်သည် နှလုံးရောဂါဖြစ်ပွားခြင်း နှင့်အကြွင်းမဲ့သက်ဆိုင်သည်ဟု ဆို၍မရပါ။ တနည်းအားဖြင့်ဆိုရသော် သင့်တော်သော ကဖိန်း ဓါတ်သည် နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေသည့်အပြင် သွေးလည်ပတ်မှုစနစ်နှင့် နှလုံး၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေသည်။ အမှန်တကယ်ပြောရလျှင် နှလုံးနှင့်ပတ်သက်၍ ရောဂါဖြစ်စေနိုင်သော အကြောင်းအရင်း အများအပြားရှိသည်။ အရက်သောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း နှင့် လေ့ကျင့်ခန်းမလုပ်ခြင်း စသော နေထိုင်မှုအလေ့အထများ မှန်ကန်မှုမရှိခြင်း ကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ကော်ဖီကို သင့်တော်သလောက် သောက်လျှင် ကော်ဖီအတွင်း ပါသော antioxidants များသည် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင် သည်။ -
ကော်ဖီသောက်ခြင်းကြောင့် အရိုးပွရောဂါ ဖြစ်ပွားနိုင်သလား။
ဖြေ - ကော်ဖီသောက်ခြင်းကြောင့် အရိုးပွရောဂါဖြစ်ပွားနိုင်သည် ဟူသော တိုက်ရိုက်သက်သေ အထောက်အထားများ မရှိပါ။ သို့သော် အာဟာရ ညီညွှတ်မျှတစေရန် လူတိုင်းသည် နေ့စဉ် လိုအပ်သော ကယ်လ်ဆီယမ်ဓါတ်ကို ဖြည့်ပေးနိုင်ရမည်။ နေထိုင်မှုအလေ့အထများ မှန်ကန်၍ လေ့ကျင့်ခန်းလုပ်သော အလေ့အကျင့်လည်း ရှိသင့်သည်။ Jia Hor Calcium Plus Tablets ကို စားပေးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်နိုင်သည်။